-->

Wednesday, June 17, 2009

၆၄ နှစ်ပြည့် မွေးနေ့ရှင်အတွက် ရွှေမန်းမှာ ဓါတ်ပုံတွေပလူပျံ


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြိုလှုပ်ရှားမှုအဖြစ် ဒီနေ့ ဇွန်လ ၁၇ ရက်မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်တပိုင်းပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် ဆိုတဲ့စာတန်းနဲ့ စစ်အာဏာရှင် စနစ် မုချ ကျဆုံးရမည်ဆိုတဲ့ စာတန်းတွေကို ရေးပြီး မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ကြတယ်လို့သိရပါတယ်၊ဒီလှုပ်ရှားမှုကိုတော့ လူထုလှုပ်ရှားမှု ဖော်ဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစုက ဖြန့်ဝေခဲ့တာဖြစ်ပါတယ်၊
ဒီပုံတွေကို မန္တလေးတကက္ကသိုလ်။ နန်းရှေ့။ အောင်တော်မူဘုရား။ ပညာရေးကောလိပ်။ ဗထူးကွင်း ဆေးရုံကြီးပတ်ဝန်းကျင် ဈေးချိုတိုက်တန်းပတ်ဝန်းကျင်နဲ့ ရွှေကျီးမြင်ဘုရားနားပတ်ဝန်းကျင်တွေမှာ စုစုပေါင်း ပုံ ၂ထောင်ဖြန့်ဝေခဲ့ကြတယ်လို့ပြောပါတယ်၊ လမ်းကြိုးလမ်းကြားတွေမှာဖြန့်ရင် အဖမ်းဆီးခံရမှုနည်းတာရော ပြည်သူအလွယ်တကူကောက်ကြည့်ရဲတာရောကြောင့် လမ်းကြားတွေမှာ ပိုချတယ်လို့ သိရပါတယ်၊ နေ့ခင်းပိုင်းမှာတော့ ဖြန်ဝေတဲ့စာရွက်တွေကို လိုက်လံသိမ်းဆည်းတာတွေရှိပြီး ဓါတ်ပုံ်ကျဲဖြန့်ခဲ့တဲ့ နေရာတွေက ပြည်သူတွေကို အာဏာပိုင်တွေက လိုက်လံစုံစမ်းတာတွေတော့ရှိတယ်လို့သိရပါတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အန်အယ်ဒီ အဖွဲ့ဝင်တွေနဲ့အထက်မြန်မာပြည် ကျောင်းသားများသမဂ္ဂက ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ကိုယ်ရေးအကျဉ်းတွေကို မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ကြပါတယ်၊


Rest of your post
အညာနွေတမာမြေ

No comments: