-->

Wednesday, June 17, 2009

အဆိုတော် ဒေါ်မာမာအေးရဲ့ လူထုခေါင်းဆောင်သို့ စကားလက်ဆောင်

ချစ်ညီမ …

ညည်းလေးရဲ့ ကဗျာတစ

ဖတ်လိုက်ရဖူးပြီ။

ဗမာလည်း ပီ၊ ကဗျာလည်း စီ

မဟာအသည်းနီမြန်း

အဖအောင်ဆန်းရင်နှစ် သမီးချစ်

ဒါမျိုးပဲ ဖြစ်ရမှာပေါ့။

အားမလျှော့ကြစတမ်း

မင်းမွေးနေ့မှန်းပြီး

အောင်ပန်းသပြေ

ညွန့်ခက်ဝေနှင့်

“သက်ရှည်ကျန်းမာ လွတ်မြောက်ပါစေ”

စိန္တေထံပါး

မေတ္တာပွားလျက်

စကားလက်ဆောင် ပါးလိုက်တယ်။ ။

မာမာအေး

(မေ ၁၅၊ ၂၀၀၉။ ညနေ ၆း၄၀)


Rest of your post
အညာနွေတမာမြေ

No comments:

There was an error in this gadget