ချုပ်တီးမရ
သောကမျက်ရည်တွေနဲ့
လက်တဘက်က ကဗျာရေး
ဆွေးနင့်တဲ့ရင်
မီးလောင်မြိုက်သလိုမျိုး
ခံစား မရ
လောကနာကျင်မှု ဂယက်နဲ့
လက်တဘက်က သမိုင်းစာအုပ်
ကျုပ် ရင်တွင်းပိုးတွေ
မီးပင်လယ်ထဲ လက်ပစ်ကူးသလိုမျိုး
ရီလို့ငိုလို့ မရ
ခွင့်လွှတ်ခြင်းရဲ့ ပေါက်ကွဲမှုနဲ့
ကန့်လန့်ကာ နောက်ကွယ်
လက်သီးကိုကျစ်ကျစ် ဆုပ်ရင်း
ဇာတ်ခုံပေါ်
အနှစ်နှစ်ဆယ် ဇာတ်တိုက်ခဲ့ပြီလေ
မိုက်ပြီး ခွပ်က ကပုံမျိုး
ခိုင် အောင်ကျော် (စစ်တွေ)
ကဗျာပေးပို့သူ ဦးခိုင်အောင်ကျော် ကို အညာနွေ တမာမြေ မှ ကျေးဇူး အထူးတင်ပါတယ်။
Rest of your post
အညာနွေတမာမြေ
Thursday, June 18, 2009
ဇာတ်ခုံ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment