-->

Tuesday, June 2, 2009

နယ်မြို့တွေမှာ ဒေါ်စုဓါတ်ပုံ တွေရိုက်မလောက်အောင် လူတွေတောင်းယူနေ

မိတ္ထိလာမြို့က စတင်လှုံဆော်လိုက်တဲ့ ဓါတ်ပုံကမ်ပိန်းကို မြို့ပေါင်း ၁၀ မြို့မှာဒီကနေ့ဖြန့်ဝေခဲ့ရာ ဓါတ်ပုံတွေပြတ်ကုန်ပါတယ်၊ ဒီပုံတွေကို ဒီဇိုင်းရှစ်မျိုးနဲ့ ထုတ်လုပ်တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲထားတဲ့ ပုံကလူကြိုက်အများဆုံးလို့သိရပါတယ်၊ သာစည်မြို့နယ် ဘုရားငါးဆူရွာမှာတော့ စရဖတွေက လိုက်လံသိမ်းဆည်းနေတယ်လို့ လှုပ်ရှာမှု ဦးဆောင်သူတဦးကပြောပြပါတယ်၊ ဒီကနေ့ဖြန့်ဝေတဲ့မြို့တွေကတော့ မိတ္ထိလာ၊သာစည်၊ ကျောက်ပန်းတောင်း၊မြင်းခြံ၊ ရေနံချောင်း ၊ညောင်ဦး။ ညောင်ရွှေ၊ မလှိုင်၊၀မ်းတွင်း၊ တောင်သာ မြို့တွေမှာ ဖြန့်ဝေခဲ့ပါတယ်၊ တခြားမြို့တွေမှာလည်း မကြာခင်ဖြန့်ဝေပါတော့မယ် ၊ ဧည့်ခန်းတွေမှာချိတ်ဆွဲဖို့ ၊ မချိတ်ဆွဲရဲဘူးဆိုရင် ဓါတ်ပုံအယ်လ်ဘမ် ရှေ့ဆုံးစာမျက်နှာနဲ့ ဟမ်းဖုံးတွေ ပိုက်ဆံအိတ်တွေထဲမှာ ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်၊
ဓါတ်ပုံတွေကို နီးစပ်ရာ အန်အယ်ဒီပါတီဝင်တွေနဲ့ လှုပ်ရှားနေသူတွေဆီမှာ အခမဲ့တောင်းယူနိုင်ပါတယ်၊ ပုံတွေရရင်တော့ ငြိမ်းချမ်းရေးကို ဦးဆောင်နိုင်တဲ့ တဦးတည်းသော ခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသား တွေ လွတ်မြောက်ဖို့ဆုတောင်းကြပါစို့လို့ အညာမြေက တိုက်တွန်းလိုက်ပါရစေ


Rest of your post
အညာနွေတမာမြေ

No comments: