-->

Tuesday, June 2, 2009

ဒေသလုံခြုံရေးအတွက် မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ထိုင်းနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

02 June 2009

အရှေ့တောင်အာရှဒေသ တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံက ဖိနှိပ်တဲ့အစိုးရအုပ်ချုပ်မှု အဆုံးသတ်ဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ပီရွန် က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ လုံခြုံရေးအတွက်တင်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေ အားလုံးရဲ့ လုံခြုံရေးအတွက်ပါ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ လိုအပ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ တရားဝင် ခရီးစဉ်နဲ့ရောက်နေတဲ့ ဝန်ကြီး ကဆစ် က ပြောခဲ့တဲ့အကြောင်း DPA သတင်းထဲမှာ ဖော်ပြထားပါတယ်။

တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အရင်က အာဏာရှင် အစိုးရတွေ ရှိခဲ့ပေမယ့် အခုတော့ ဒီမိုကရေစီအုပ်ချုပ်မှု စနစ်ဆီ အသွင်ကူးပြောင်း ခဲ့ကြပြီးဖြစ်လို့ မြန်မာနိုင်ငံက ဘာကြောင့် မပြောင်းလဲနိုင်ရသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပြီလို့လည်း ထိုင်းနိုင်ငံရေး ဝန်ကြီး ကဆစ်ပီရွန် က ပြောခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့အထဲမှာ လက်ရှိအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ထိုင်းနိုင်ငံက တော်တော်လေး ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ့ နေရပါတယ်။ လောလောဆယ် တောင်ကိုရီးယားနိုင်ငံမှာ လုပ်နေတဲ့ တောင်ကိုရီးယားနဲ့ အာဆီယံနိုင်ငံများရဲ့ အနှစ် ၂၀ မဟာမိတ် ဆက်ဆံရေး အထိမ်းအမှတ် စည်းဝေးပွဲမှာလည်း မြန်မာ့အရေးကို ဆွေးနွေးပြောကြားမယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ က ပြောခဲ့ပါတယ်။

voa စာမျက်နှာမှကူးယူသည်

Rest of your post
အညာနွေတမာမြေ

No comments: