-->

Monday, June 1, 2009

မိတ္ထိလာခရိုင်က ဒေါ်စု ဓါတ်ပုံ ကမ်ပိန်း စပြီဆိုပဲ

ဒီကနေ့ မိတ္ထိလာခရိုင် အန်အယ်လ်ဒီ လပတ်အစည်းအဝေးကနေ အချက် ၆ချက်ပါတဲ့ ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖေါ်သွားမယ်လို့သိရသည်၊ ဆုံးဖြတ်ချက် ၆ခုမှာ
၁။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေချက်ချင်းလွှတ်ပေးရန်
၂။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တရားဝင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီအနေနဲ့ တရားဝင်ဘောင်အတွင်းကနေ လှုပ်ရှားမှုတွေကို ဆက်တိုက်ဆောင်ရွက်ရန်၊
၃။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပယ်ထားတဲ့ အန်အယ်ဒီအဖွဲ့ဝင်တွေကို ပြန်လည်တာဝန်ထမ်းဆောင်စေရန်။
၎၊။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားပြီး ထောင်ချမယ်ဆိုရင် အဖွဲ့ချုပ်ဗဟိုအနေနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်မှုပေးရန်၊
၅။ ခုလက်ရှိဒေါ်အောင်ဆန်းစုကြည်ကိုသာတရားစွဲပြီး လုံခြုံရေးတာဝန်ရှိသူတွေ ၀ီလျှံယက်ထောကို ပြည်ဝင်ခွင့်ဗီဇာပေးသူတွေကို အရေးမယူသေးတာကို ကန့်ကွက်ရှုံချရန်။

၆။ ဒီပဲယင်းလုပ်ကြံမှုဟာ ၆နှစ်ရှိခဲ့ပေမဲ့ အခုချိန်ထိ ပါဝင်ပတ်သက်ခဲ့သူတွေကို အရေးမယူသေးတဲ့အတွက် အရေးယူပေးဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တယ်လို့သိရသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဒေါ်စုပုံတွေကို အခမဲ့ဖြန့်ဝေသွားမှာဖြစ်ပြီး ပုံတွေကို ဧည့်ခန်းထဲမှာ မှန်ဘောင်သွင်းချိတ်ပေးဖို့။ မချိတ်နိုင်၊ မချိတ်ရဲ ၊ အစဉ်မပြေက အိတ်ထောင်တွေ၊ ပိုက်ဆံအိတ်တွေထဲမှာ ဆောင်ထားပေးဖို့။ ဂျီအက်စ်အမ် ဖုန်းကိုင်နိုင်သူတွေ ဟမ်းဖုန်းသမားတွေက မိမိတို့ လက်ကိုင်ဖုန်းတွေထဲမှာ ဒေါ်စုပုံတွေထည့်ပေးဖို့ နိုးဆော်ထားပါတယ်၊

ဒါအားလုံးလိုက်လုပ်နိုင်တဲ့အချက်တွေပါပဲ ၊ လေးစားပါတယ် မိတ္ထိလာ အန်အယ်လ်ဒီ နောက်မြို့နယ်တွေ တိုင်းတွေလည်း ပါလာပြီး တပြည်လုံး လုပ်နိုင်ပါစေ၊

ဥပဒေကို ချိုးဖေါက်တာတခုမှမပါတဲ့အတွက် ရဲရဲတောက် လုပ်ပေးကြပါရန် အညာနွေတမာမြေမှ ထပ်မံတိုက်တွန်းပါရစေ။


အညာနွေတမာမြေ

No comments: