-->

Monday, June 1, 2009

မန္တလေးတိုင်း ပြည်ကြီးတံခွန်မှာ စက်မှု ၁ ၀န်ကြီး ပေါ်တင် စည်းရုံးနေ

ဒီကနေ့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက် ၁၆ ရပ်ကွက်မှာနေတဲ့ ပြည်သူတွေကို စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းက မိုးထိအောင်စည် ဘုန်းကြီးကျောင်းအတွင်းမှာ တအိမ်တယောက် မတက်မနေရ မတက်ရင် ဒဏ်ငွေ တစ်ထောင်ပေးရမယ်ဆိုကာ ဆင့်ခေါ်ပြီး သူပြောချင်တာ ခေါ်ပြောတယ်လို့သိရပါတယ်၊
သူရဲ့သြ၀ါဒ ကိုမထောင်ချင်ပဲ ထောင်ခဲ့ရသူတယောက်ပြန်ပြောပြတာက ၂၀၁၀ရွေးကောက်ပွဲမှာ ၂၀၀၈ဖွဲ့စည်းပုံဥပဒေ ဆန္ဒခံယူပွဲတုန်းကလို တခဲနက် မဲတွေအဓမ္မလုယူပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ အမေရိကန်နိုင်ငံသား ကြက်တော ၀င်တာ သူတို့ပယောဂ မဟုတ်ကြောင်း ဘယ်သူကမှမမေးပဲ ပြောကြားခဲ့ပါတယ်၊
တက်ရောက်လာတဲ့ရပ်ကွက် ၅ခုက တောင်းဆိုတာတွေကို မဆိုင်းမတွ စဉ်းစားချင်းအလျင်းမရှိပဲ ယောက္ခမ အမွေတွေထဲက ပေးလိုက်သလို ချက်ချင်းဖြည့်ဆည်းပေးခိုင်းစေခဲ့ပါတယ်၊
မတက်ချင်ပဲ နားဒုက္ခခံကာ တက်ရောက်နေရတဲ့ ပြည်သူတွေဘက်က ကံကောင်းသွားတာတခုက မိုးရွာလာလို့ အခမ်းအနားကို အမြန်ရုပ်သိမ်းကြောင်းကြေငြာတဲ့အခါမှာ လက်ခုပ်တဖြောင်းဖြောင်းတီးပြီး အခမ်းနားသိမ်းခဲ့ပါတယ်၊ ပြီးတဲ့အခါမှာ ချောဆွဲထားတဲ့ကားတွေနဲ့ သက်ဆိုင်ရာရပ်ကွက်တွေကို လိုက်ပို့ကြောင်း အညာမြေ တမာနွေမှ စုံစမ်းသိရပါသည်၊

အညာနွေ တမာမြေ


Rest of your post
အညာနွေတမာမြေ

No comments: