-->

Sunday, July 5, 2009

ကြံ့ဖွံ့တွေကို ပြည်သူဘက်ကရပ်တည်ပေးဖို့အဖွဲ့ ၂ဖွဲ့စည်းရုံးစာတွေပေးပို့


ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီနဲ့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အမျိုးသားလှုပ်ရှားမှုတွေပေါ်လာရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအနေနဲ့ ပြည်သူဘက်က ရပ်တည်ရန် မေတ္တာရပ်ခံတဲ့စာတွေကို စာတိုက်ကနေပေးပို့တဲ့လှုပ်ရှားမှုတွေ စတင်နေပါပြီ၊ ပြည်နယ်နဲ့တိုင်း ၁၇ ရုံး ခရိုင်ရုံး ၆၆ ရုံးနဲ့ မြို့နယ်ပေါင်း ၃၂၀ ကို ပေးပို့နေတယ်လို့သိရသည်။
သူတို့ပေးပို့တဲ့စာထဲမှာ ၉၀ ရွေးကောက်ပွဲ ကိုအသိမှတ်မပြုတဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မပေးသေးတာတွေ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံတင်စစ်ဆေးနေတာတွေကို အသိပေးထားပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုပေါ်လာရင် ၂၀၀၃ မေ ၃၀ ဒီပဲယင်းအရေးအခင်းတုန်းကလို ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ လက်ကိုင်ဒုတ် အဖြစ်မခံပဲ အမိန့်အာဏာကို မလိုက်နာပဲနေပေးဖို့မေတ္တာရပ်ခံထားပါတယ်။
မေတ္တာရပ်ခံတဲ့အတိုင်း လူစိတ်ရှိခဲ့ရင်တော့ အကောင်းဆုံးပေါ့ ဘန်ကီမွန်းကိုတောင် လူလို့မထင်တဲ့ စစ်အစိုးရကို အမြန်ဆုံးတော်လှန်လွတ်မြောက်နိုင်ပါစေ


Rest of your post
အညာနွေတမာမြေ

No comments: