ဒေါ်စုကို စီရင်ချက်ချဖို့ အချိန်နီးလာတာနဲ့အမျှ လှုပ်ရှားမှုဖော်ဆောင်နိုင်မယ်လို့ နအဖက ယူဆတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေပါပြီ။
အခုလို လိုက်လံဖမ်းဆီးတာမှာ ဘာရယ်လို့ အကြောင်းပြချက် တစုံတရာ မပြောပဲ စခန်းကို ခနလိုက်ခဲ့ဖို့သာ ပြောပြီး ခေါ်သွားတာဖြစ်တယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။
အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဖမ်းဆီးခံရတဲ့သူတွေကတော့ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်က ဦးမောင်စိုး၊ ဦးပါလေး၊ ဦးကျော်နိုင်၊ ရေနံချောင်း ကိုမြင့်ငွေ၊ ကိုတင့်လွင်၊ ကိုသန်းအောင်နဲ့ နောက် အမည်မသိရသေးတဲ့ ၁ ယောက်၊ ဆင်ဖြူကျွန်းက ကိုနေမျိုးကျော်၊ မင်းဘူးမြို့နယ်က ဦးသောင်းစိုး၊ စကု က တယောက် ၊ ရန်ကုန်တိုင်းမှာတော့ တောင်ဒဂုံ က ကိုထိန်ဝင်း၊ သာကေတက ကိုနေလင်းစိုး၊ မင်္ဂလာဒုံက မခင်မြတ်သူ တို့ဖြစ်ပါတယ်။
အင်းစိန်ထောင်ရှေ့မှာတော့ လုံခြုံရေး တင်းကြပ်နေပြီး အန်အယ်လ်ဒီလူငယ်အချို့တို့လည်း ထောင်ရှေ့ကို ရောက်နေတဲ့သူတွေရှိပြီး အချို့ကလည်း ထောင်ရှေ့ကို ဦးတည်သွားနေကြတုန်းပဲလို့ သိရပါတယ်။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment