-->

Wednesday, July 8, 2009

တိုက်ပွဲခေါ်သံ တကျော့ပြန်




အာဏာအတွက်ဆို မသာလဖက်နဲ့လည်း
မျက်နှာလုပ်တတ်တယ်။
တဏှာရမ္မက်ဖုံးလွှမ်းလို့
တခါအသက်တွေဆုံးသွားခဲ့ရပြီ
သံဃာဆိုတာ ဓမ္မက္ခန္ဓာတွေကို
လက်ဆင့်ကမ်းခဲ့လို့
သံဃာ ရတနာရယ်လို့ ပူဇော်ခဲ့ရတာပါ့
ဘုရားသား အစစ်က
တရားမှားအဖြစ်ကို ဟောမထားဘူး
ဘုရားမရှိတော့ပေမဲ့ တရားသဘောသိအောင်
ကမ္ဘာတခွင် သာသနာဖြန့်ခဲ့တာက
အကြင်နာ မေတ္တာအစစ်တွေနဲ့
စက်တင်ဘာအဖြစ်ဟာဖြင့်
ပြည်သူအတွက် မနေသာတော့ပဲ
ကြေငြာကာ မေတ္တာပို့ကျတော့
အာဏာအတွက်ဆို ဘာသာမဲ့တွေက
အရိုးကျွေးထားတဲ့ သူခိုးကြေးစားတွေခေါ်ပြီး
တရားမသိ ဘုရားမရှိပဲ
တအားဖိကာ နှိပ်စက်ကြတော့
သံဃ သွေးတွေ မြေခခဲ့ပြီ
ကမ္ဘာကြေလည်း ဥဒါန်းမကြေဘူး
တကျော့ပြန် တိုက်ပွဲ ဆင်နွှဲကြရဦးမယ်
အားသစ်မွေးထားပါ သူငယ်ချင်း။

july ကောင်း


Rest of your post
အညာနွေတမာမြေ

No comments: