-->

Tuesday, August 11, 2009

ဒေါ်စုကို ၁၈ လ ဆိုင်းငံ့နေအိမ်အကျယ်ချုပ်ချ

နေအိမ်အကျယ်ချုပ် သတ်မှတ်ချက်ကို ဖောက်ဖျက်တာ အပြစ်ရှိတယ် ဆိုပြီး ဒေါ်စုကို ဆိုင်းငံ့နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်လိုက်ပါပြီ။

ချမှတ်တဲ့ ပြစ်ဒဏ်က ၃ နှစ်ပါ။ ဒါကို သန်းရွှေအမိန့်နဲ့ ထောက်ထားညှာတာသောအားဖြင့်ဆိုပြီး ၁နှစ်ခွဲကို လျှော့ချပြီး ဆိုင်းငံ့ပြစ်ဒဏ်ပေးလိုက်တာပါတဲ့။ သတင်းစာဖတ်ခွင့် တီဗီ ကြည့်ခွင့်ပေးမယ်တဲ့။ ဒေါ်ခင်ဝင်းနဲ့ မ၀င်းမမ တို့လည်း ဒေါ်စုနဲ့ အတူတူ ပြစ်ဒဏ်ချခံရပါတယ်။

သန်းရွှေနဲ့ စစ်အုပ်စု လုပ်ပုံက ဒီလိုလျှော့ချပေးတာကိုပဲ သူတို့ကိုပဲ ကျေးဇူးတင်လှပါချည့် ပြောရမလို။ ဒါပေမယ့် တကယ့်တကယ်တန်းကျတော့ သူတို့ သတ်မှတ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အိမ်ထဲထည့်ပိတ်ထားမယ်။ ဒါတင်မကဘူး ၃ နှစ်လုံးလုံး နည်းနည်းမှ မလှုပ်နဲ့ လှုပ်တာနဲ့ ထောင်ထဲသွားဆိုတဲ့ သဘောပါပဲ။ ကဲ ဘာများကောင်းသလဲ။ ..

ရေကူးမင်းသား ဂျွန်ဝီလီယံ ယက်တောကတော့ ထောင်ဒဏ် ၇ နှစ်ပါတဲ့။

ကိုင်း ဒို့တွေ ဘာတွေ ဆက်လုပ်ကြမလဲ ...

Rest of your post
အညာနွေတမာမြေ

No comments: