-->

Tuesday, August 11, 2009

ရေနံချောင်းနဲ့ ပဲခူးက အဖမ်းအဆီးများ

ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းတဲ့ ရေနံချောင်းနဲ့ ပဲခူးက အန်အယ်လ်ဒီအဖွဲ့ဝင် ၁၀ ယောက်ကို ဒေါ်စုကို စီရင်ချက်ချမယ့် ဒီနေ့မနက်မှာ အာဏာပိုင်တွေက ခနဆိုပြီး ခေါ်သွားပြန်ပါတယ်။

ရေနံချောင်းက အန်အယ်ဒီ အမျိုးသမီး စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်စောဌေး၊ မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးတင့်လွင်၊ ဦးအေးကို၊ ဦးသန်းအောင်တို့အိမ်တွေမှာ မနေ့ည ၁၂ နာရီက သန်းခေါင်စာရင်းလာစစ်တယ်။ မနက်၎ နာရီမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ ရဲတွေလာပြီး ခနပါဆိုပြီး ခေါ်သွားခဲ့ပါတယ်။


အခုထိ ဘယ်မှာထားမှန်းမသိရသေးလို့ မိသားစုဝင်တွေက လိုက်စုံစမ်းနေတုန်းရှိနေပါသေးတယ်။

သူတို့တွေ အဖမ်းခံရပေမယ့် ရေနံချောင်းမြို့ပေါ်က ဘုရား ရှစ်ဆူမှာ ကျန်တဲ့အဖွဲ့ဝင်တွေက ဆုတောင်းပွဲတွေ ဆက်လက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးက အန်အယ်လ်ဒီ အမျိုးသမီးစည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်ညွှန့်မူ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်ရွှေ၊ ဒေါ်ဝင်း၊ ကိုပေါက်စီနဲ့ အခြားတယောက်တို့ကတော့ ဒီနေ့မနက် ရွှေမော်ဓော ဘုရားမှာ ဒေါ်စုလွတ်မြောက်ရေး ဆုတောင်းပွဲက အပြန် ပဲခူးမြို့မဈေးထဲမှာ ဒေါ်စုပုံတွေ လိုက်ဝေနေတုန်း ရဲတွေက ခေါ်သွားခဲ့ပါတယ်။

ဒီလို ဖမ်းဆီးမှုတွေရှိပေမယ့် မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့် မန္တလေးတိုင်းတို့က မြို့ပေါင်း ၅၀ နီးပါးတို့မှာ ဒေါ်စု လွတ်မြောက်ရေး ဆုတောင်းပွဲ တွေကို လုံခြုံရေး တင်းကြပ်တဲ့ကြားက ဖြစ်မြောက်အောင် လုပ်ခဲ့ကြပါတယ်။

အညာနွေတမာမြေ

No comments: