-->

Wednesday, August 12, 2009

အိန္ဒိယရောက် မြန်မာလူငယ်များရဲ့ မြန်မာသံရုံးရှေ့က ပေါက်ကွဲသံများ

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ချမှတ်လိုက်တာကို မကျေနပ်လို့ ဒေါသထွက်ပေါက်ကွဲနေတဲ့ အိန္ဒိယရောက် သံဃာတွေပါဝင်တဲ့ မြန်မာလူငယ် တစုဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ တားမြစ်နေရာက မြန်မာသံရုံးရှေ့ကို ဒီနေ့မနက်က သွား ဆန္ဒပြကြပါတယ်။

မြန်မာသံရုံးရှေ့ အုတ်နံရံနဲ့ တံခါးတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကပ်ပြီး Free Aung San Suu Kyi ဆိုတဲ့ စာတမ်းတွေကို ဆေးရောင်စုံတွေနဲ့ရေးသားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးမချင်း ဆက်တိုက် လျှပ်တပြက်တိုက်ပွဲတွေ လုပ်သွားမယ်လို့ ဆန္ဒပြပွဲဦးဆောင်ခဲ့တဲ့ ကိုအေးမင်းက ပြောပါတယ်။

နာရီဝက်လောက် ဆန္ဒပြခွင့်ရခဲ့ပြီး လုံခြုံရေးတွေ ၀ိုင်းလာလို့ လူစုခွဲပြီး လှည့်ပြန်ခဲ့တယ်လို့ သိရပါတယ်။




အညာနွေတမာမြေ

No comments: