မကွေးတိုင်း ရေနံချောင်းမြို့က သံဃာတော်တွေက ဒီကနေ့ ကျရောက်တဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ကို ည ၆နာရီကနေ မနက် ၆နာရီထိ မြတ်စောညီနောင် ဘုရားပေါ်မှာ ပရိတ်တရားတော်တွေ ရွတ်ဖတ်ပြီး မေတ္တာပို့ကြဖို့ စီစဉ်ထားတာကို ရပ်ကွက် အာဏာပိုင်တွေက လုပ်ခွင့်မပြုဘူးလို့ တားမြစ်ခဲ့ပါတယ်။ ညနေရွတ်ဖတ်ဖို့ သံဃာတော်တွေပင့်ပြီးကာမှ မြို့မတောင် ရယက ဥက္ကဌက တားမြစ်ခဲ့ပုံကို ဒီပွဲမှာပါဝင်မဲ့ ဆရာတော်တပါးက မိန့်ပါတယ်။
"ဝါခေါင်လပြည့်နေ့ဟာ မေတ္တာအခါတော်နေ့လို့ သတ်မှတ်ထားတော့ မြစောညီနောင် ဘုရားမှာ ရွတ်ဖတ်မယ်ဆိုပြီးတော့ သံဃာတွေစုပြီးတဲ့ အချိန်ကာလမှာ မြို့မတောင် ရယက လှိုင်မင်းဦးကနေပြီးတော့ တားတယ်ပေါ့။ကျုပ်တို့အမြင်ကတော့ဗျာ ဓားကိုဖျက်တာ ဝါးမြက်၊ လူကိုဖျက်တာ အရက် ဘာသာသာသနာကိုဖျက်တာ သူတို့ပဲ၊ ဆိုတော့ ဒီရွတ်ဖတ် သရဇ္ဈယ်တာကို သံဃာတွေမရွတ်ရအောင် တားတယ်ဆိုတော့ မရွတ်ရဘူးပေါ့ဗျာ အဲလိုဖြစ်သွားတယ်ပေါ့ဒကာကြီးရယ်" လို့ ပြန်ပြောင်းမိန့်ပါတယ်။
အခြားရည်ရွယ်ချက်မရှိပဲ လုပ်တဲ့တရားပွဲကို တားမြစ်တာခံရတဲ့အတွက် စိတ်မကောင်းဖြစ်တယ်လို့လည်း ဆရာတော်က ဆက်မိန့်ပါတယ်။
"အားလုံး ကမ္ဘာသူကမ္ဘာသား၊ နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာဖို့ ချမ်းသာဖို့ ရည်ရွယ်ချက်နဲ့ပါပဲ။ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူး။ အသံချဲ့စက် ငှားပေမယ့် အသံချဲ့စက်သမားက မလိုက်ရဲဘူးတဲ့။ ဘေက်နဲ့ရွတ်မယ့်သကာလမှာလည်း ဘောက်နဲ့ မရွတ်ဖြစ်တော့ဘူး ဒကာကြီးရယ်။ အထူးသဖြင့် အားနာစရာကောင်းတာတော့ ဆွမ်းဒကာများ အားနာစရာကောင်းတာပေါ့။ ဆွမ်းဒကာများက မနက်ဖြန် မနက်ကြီး အာရုံဆွမ်းကပ်မယ်ဆိုပြီးတော့ ဝယ်ခြမ်းထားတာ။ ဒကာဒကာမတွေကတော့ မကျေနပ်ကြဘူးပေါ့။ ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည့်အားလျော်စွာ မေတ္တာအခါတော်နေ့အားလျော်စွာ တရားကတော့ ရွတ်ဖတ်သင့်တာပေါ့၊ ကောင်းတာလုပ်တာပဲ။ မကောင်းတာလုပ်တာမဟုတ်တော့ ဒကာဒကာမတွေကမကျေနပ်ဘူးပေါ့ဗျာ။ ဝမ်းနည်းတာကတော့ မပြောနဲ့တော့ပေါ့ တကာကြီးရယ် ကိုယ်ကိုယ်တိုင်လည်း သာသနာ့ ဝန်ထမ်းရဟန်း ဖြစ်နေတော့လေ ဒို့ဘာသာ ဒို့သာသနာအလွန်မတန် အဝါပြုနေပါပေါ့ဆိုပြီး စိတ်ထဲမကောင်းဘူးပေါ့" လို့ မိန့်ရှာပါတယ်။
မြို့ခံတွေနဲ့ သံဃာတွေကတော့ ၂ဝဝ၇ စက်တင်ဘာ သံဃလှုပ်ရှားမှု လို အစပျိုးမှာကို စိုးရိမ်တဲ့အတွက် အခုလို တရားပွဲ ပိတ်ပင်တာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ကဲ .. ဗုဒ္ဓဘာသာဝင်တွေဖြစ်နေပြီး ကောင်းတာလုပ်တဲ့ တရားပွဲကို ပိတ်ပင်တဲ့ အကျိုးအမြတ် ဘာရှိမလဲ စဉ်းစားသာ ကြည့်ပါတော့။
အညာနွေတမာမြေ
Wednesday, August 5, 2009
သံဃာတွေ ဦးဆောင်တဲ့ လပြည့်နေ့ တရားရွတ်ဖတ်ပွဲကို ပိတ်ပြန်
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment