-->

Monday, September 21, 2009

တံခါးခေါက်သံများ

နေ့သို့မဟုတ်ညပေါင်းများစွာ
ဘ၀ ချိန်ခွင်ထဲမှာ ထားခဲ့
တန်ဘိုးမဲ့အချည်းနှီးပမာ
မျှော်လင့်ချက် အလင်းရောင်ဟာ
တလက်မကွက် ရာသီဝန်း
အခန်းကျဉ်းပေမဲ့
လွမ်းလောက်စရာတွေလား....၊

အိမ်မြှောင်စုတ်ထိုးသံနဲ့
အသက်ရှူသံ
အိမ်စက်ခြင်းအမွှာညီနောင်လို
တောင်ပေါ်ကလူကိုကြည့်ဖူးခဲ့
အစာအိမ်တခုထဲနဲ့
လွယ်အိတ်ကလေးမျှမပါဘဲ
ငါ--- တို့သရော်ခံခဲ့
အိပ်စရာကြမ်းပြင် ဖျာမရှိသေး
လူ--မထင်စရာပါလားနော်-----။။


လျှော်ကြေးမဲ့ဘ၀နဲ့
သိက္ခာဈေးမှာ
အဆစ်ပါထည့်ရောင်းလဲမမြတ်
မိုးစိုလိုမခိုချင်ခဲ့
ပခုံးပေါ်က အမာရွတ်တွေ
ဇွတ်ငိုရင်း ကြွေပျောက်သွားဖူးသလား
လမ်းလျှောက်ခဲ့ ဥဏှောက်အုဌ်မြစ်
ရောက်ချင်ရာ ရောက်
ဦးတည်ချက်အခင်းအကျင်းအောက်
တယောက်တည်းမှ မဟုတ်ပါလားနော်----။။။။။။။။

ဒီလိုနဲ့
တိမ်အစွန်ရဲ့ အလွမ်းလွန်ကာလတွေ
အရိပ်ပြုံးများတွေ
ရင်ကိုခုန်စေသတည်းပါဘဲလား
နာကျည်းမှူ ပြတင်းဆီသို့ရယ်
ခ၀ါချထားခဲ့
ဘိနပ်သဲကြိုးပြတ်နေပြီလား
တဖြတ်ဖြတ်နဲ့
လှိုင်းခတ်သံလိုလို
ခြေဖ၀ါးသံလား
တံခါးခေါက်သံလားနော်--။။။။။။။

ခိုင်အောင်ကျော် (စစ်တွေ )


(မလွပ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများအတွက် ချက်ချင်းစပ်ဆိုသည် )


Rest of your post
အညာနွေတမာမြေ

No comments: