-->

Thursday, September 24, 2009

၅၀၀၀ ကျပ်တန်တွေ ထွက်ပြီတဲ့ ဗျို့ ...

သူငယ်ချင်းတို့ရေ .. မြန်မာ့အသံမှာ ဒီနေ့ညပဲ ကြေငြာသွားပြီ .. ၅၀၀၀ ကျပ်တန်တွေ ထုတ်ဝေတော့မယ်တဲ့။ အင်း ငွေကြေးကတော့ တနေ့ထက်တနေ့ ဖောင်းပွလာပြီ .. အကြွေရှားပါးနေတဲ့ အချိန်မှာ အကြွေဖြစ်တဲ့ ၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန်၊ ၁၀ တန်တွေကိုတော့ မထုတ်ပဲ ၅၀၀၀ တန်တွေကို လှိမ့်ထုတ်လာပါပြီ။

လက်ရှိအခြေအနေမှာ နိုင်ငံရေးသမား နည်းနည်းပါးပါးလွှတ်ပေးပြီး မီဒီယာတွေကို အလုပ်ပေးလိုက်၊ နိုင်ငံရေး လုပ်တဲ့သူတွေကို ဖမ်းဟယ် ဆီးဟယ်လုပ်နေတာနဲ့ မီဒီယာတွေကို အလုပ်လိုက်နဲ့ အခုတခါ ၅၀၀၀ တန်ထုတ်ပြီး အလုပ်ပေးပြန်ပါပြီ။ အခုတခါကတော့ အလုပ်ပေးရုံနဲ့ မပြီးတော့ပါဘူး။ ပြည်သူကိုပါ ဆင်းရဲတွင်းထဲ နစ်သထက်နစ်အောင် လုပ်လိုက်တော့တာပါပဲ။

ဒါတင်မကပါဘူး။ အရင့်အရင်ကတည်းက ဒီ ၅၀၀၀ တန်ထုတ်မယ်ဆိုတာ သတင်းတွေထွက်နေပြီးသားပါ။ သူတို့က အခြေအနေကိုစောင့်ကြည့်နေပြီး မဖြန့်သေးတာသာ ရှိတာပါ။

အခုလက်ရှိ အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ ဒါကို ထုတ်လိုက်တာဟာ နောက်ကွယ်မှာ သူတို့ ညစ်စုတ်တဲ့ အကြံအစည်တွေ ရှိပါလိမ့်မယ်။

ပြည်သူတွေ အုံကြွအောင်လုပ် .. ပြီးတော့ တိုင်းပြည်မငြိမ်သက်လို့ သူတို့က ကယ်တင်ရှင်ကြီး ၀င်လုပ်ပါတယ်ဆိုပြီး လုပ်အုံးမှာ မြင်ယောင်သေးတယ်။

မြန်မာပြည်ကြီး ဘုရားတရားမသိ ကိုယ်ချင်းစာစိတ်မရှိတဲ့ စစ်အာဏာရှင် စနစ်အောက်ကနေ အမြန်ဆုံး လွတ်မြောက်ပါစေ။

Rest of your post
အညာနွေတမာမြေ

No comments: