ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို
ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီတရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်းဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။ ၂၅-၁၁၂၀၀၉ ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၂၆ ၁၁၂၀၀၉ မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ ၂၇-၁၁-၂၀၀၉ (၁၂)ဘွဲ့ရကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၂၈-၁၁-၂၀၀၉ ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော်
ဦးစန္ဒာဝရ၂၉-၁၁-၂၀၀၉ ညောင်ကန်အေးဆရာတော် အရှင်ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ တို့က တရားရေးအေးတိုက်ကျွေးမှာဖြစ်ပါတယ်၊၊
၃၀-၁၁-၂၀၀၉ မှာတော့ အန္တိမဈာပနအခမ်းအနားကိုနေ့လည် (၁၂)နာရီတိတိအချိန်တွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာအရှင်များဖြစ်ကြသော မြတောင်ဆရာတော်ဘုရားကြီးနှင့် ပေါက်မြိုင် ဆရာတော်ဘုရားကြီးတို့မှ သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။ ထို့နောက် သီတဂူဆရာတော်ဘုရားကြီးအရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီးနောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ၊ဒကာမများနှင့်ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော်မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင်မီးသဂြိုလ်မည်ဖြစ်ပါသည်။
ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊တပည့်သံဃာတော်များ နှင့် ဒကာ၊ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင်သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။ ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကိုဖြူးချောင်းတွင် ရေမျှောပူဇော်မည်ဖြစ်ပါကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍ အသိပေးကြေညာအပ်ပါသည်။
Rest of your post
အညာနွေတမာမြေ
Wednesday, November 25, 2009
ဖြူးဆရာတော်ဘုရားကြီးဘဒ္ဒန္တနရပတိ၏ အန္တိမဈာပနအခမ်းအနားအစီအစဉ်
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment