ဆိတ်ဖလူးနံ့
ရွာလုံး ပျံ့စေခဲ့တဲ့ ဆရာ
အလင်္ကာရနံ့
တိုင်းလုံး ပျံ့စေခဲ့တဲ့ ဆရာ
ညဥ့်အမှောင်မှာ
အနံ့ကျူးတဲ့ ဆိတ်ဖလူး
ဘယ်ပန်းသာလို့ မွှေးပါနိုင်---။
ခေတ်အမှောင်မှာ
ပညာကျူးတဲ့ ကဗျာထူး
ဘယ်လင်္ကာသာလို့ ဖွဲ့ပါနိုင်---။
ဆိတ်ဖလူးနံ့ ရွာလုံးပျံ့သို့
ပညာရနံ့ တိုင်းလုံးပျံ့၏
ပီဘိ ဆိတ်ဖလူးပါတကား---------။
အောင်ဟိန်း (မုံရွာ)
(၁၃) ရက်၊ နိုဝင်ဘာ၊ ၂ဝဝ၉
(၁၂) ရက်၊ နိုဝင်ဘာ၊ ၂ဝဝ၉ နေ့တွင် ကွယ်လွန်သွားသော ကဗျာဆရာကြီး ဗန်းမော်ညို့နွဲ့အား ဤကဗျာဖြင့် ပူဇော်ပါ၏။
Rest of your post
အညာနွေတမာမြေ
Friday, November 13, 2009
ဗန်းမော်ညိုနွဲ့ အလွမ်းပြေ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment