-->

Friday, November 13, 2009

ရင်လှိုင်းခတ်သံ

မာနကန့်လန့်ကာ အဖွင့်
ရင်ခုန်သံမပါ သီချင်းတွေနဲ့
လောကကို စိန်ခေါ်ခဲ့
နှလုံးသားမဲ့ လက်ဝါးခုပ်သံ
အဉ္ဖနမြစ်ယံ ငိုနေဟန်နဲ့
အံကြိတ်ထားလျှက်ပါဘဲ
အိပ်မက်ထဲ ပရိတ်သတ်မဖြစ်ချင်ဝံ့
နာကျင်ခြေလှမ်းများ
တမ်းတမ်းတတ တရွေ့ ရွေ့ 
သွားနေမည့် သူတွေ ။။။။။။။။။။။။

သောကခတဲ့ ညပေါင်းများစွာ
အတ္ထုပတ္တိ အလွမ်းတပွေ့တပိုက်နဲ့
ခေါင်းငိုက်စိုက် မချသူများ ရီမောခဲ့
ကြေကွဲမှု ရလဒ် ပေးဆပ်ထားလျှက်ပါဘဲ
သွေးများနဲ့ တံတားခင်းချိန်
လင်းရောင်မဲ့ ကမ္ဘာကြီးမှာ
ဥပေက္ခာ ခြေလှမ်းများ
နွမ်းနွမ်းလျှလျှ တမြေ့မြေ့
သွားနေမည့် သူတွေ ။။။။။။။။။။။။။။။။

မုန်တိုင်းဆန် ရမက်နေ့များစွာ
ဒဏ္ဍာရီ ကျောက်ရုပ်ပုံပြင်နဲ့
ပျဉ်းမငုတ်တို အလေးပြုခဲ့
အညတ္တရ သူရဲကောင်းများဝိဥာဉ်
နာကျည်းမှု ခေါင်းလောင်းထိုးလျှက်ပါဘဲ
အရိုးတောင်လိုပုံ
အဖိုး အရိုး အောက်ဆုံးမှာ
ယုံကြည်ချက် လင်္ကာတွေနဲ့
ဘ၀ပြတိုက် လမ်းခလယ်ဆီ
တောင်ဝှေးမဲ့ ခြေလှမ်းများ
မှန်းမှန်းဆဆ လှမ်းနေတိုင်း
ရင်လှိုင်းခတ်သံ မစဲလေ ၊။။။။။။။။။။။။။

ခိုင်အောင်ကျော် (စစ်တွေ)


Rest of your post
အညာနွေတမာမြေ

No comments: