၁၉၉၇ခုနှစ်က the International Herald Tribune သတင်းစာမှာပါတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန်းခွန်းတချို့ကို သူငယ်ချင်းတယောက်ဆီက ရတဲ့အတွက် ပြန်လည်တင်ပြတာပါ၊
ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးကြိုးပမ်းဆောင်ရွက်နေသူတွေအဖို့ ဖိနှိပ်ချုပ်ချုယ်မှုများ လွန်းတဲ့ လူ့အဖွဲ့အစည်းမှာ အခြေခံလူအခွင့်အရေးအတွက် ရပ်တည်ကြိုးပမ်းဖို့ကိုယ့်ဘ၀ကို ရွေးချယ်ရ တာထက်စာယင် သူတပါးရဲ့ အဖိနှိပ်ခံအဖြစ်နဲ့ လုံလုံခြုံခြုံ မပူမပင်ပဲ နေဖို့ ရွေးချယ်ချင်ကောင်း ရွေးချယ်မိ ပါလိမ့်မယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာ နားလည်မှုအပေါ်မှာ အရင်းခံတဲ့ ယုံကြည် မှု ရှိမှသာလျှင် ဖြစ်မယ့် အကြမ်းမဖက် လှုပ်ရှားမှုတစ်ရပ်သာဖြစ်ပါတယ်။
လူဆိုတာ မိမိကောင်းစားရေးကိုသာအဓိကထားတဲ့ စီးပွားရေးအကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တ၀ါ သာ ဖြစ်တယ်လို့ တချို့က ဆိုကောင်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓါတ်ခွန်အားတွေ ကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ အမျိုးသား၊ အ မျိုးသမီးတွေလဲ ဒုနဲဒေး ရှိသေးတယ်ဆိုတာကို ကြည့်ယင် အဲဒီအဆိုဟာ သေးသိမ်ကျဉ်းမြောင်းလှတယ်ဆို တာ သိပါလိမ့်မယ်။ ဒီလို အမျိုးကောင်းသမီး၊အမျိုးကောင်းသားတွေဟာ ကျမတို့နိုင်ငံမှာ မြောက်များစွားရှိ နေသေးတာကြောင့် ကျမ လွန်စွာဂုဏ်ယူ အားတက်မိပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်သူတွေရဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေကြောင့် အပြောင်းအ လဲတွေ ရုတ်တရပ်ပေါ်ပေါက်လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ရှိတယ်လို့ အများက လက်ခံထားကြ ပါတယ်။ ရန်ကုန် တက္ကသိုလ်ကနေ သူတို့ရဲ့ နိုင်ငံရေးဘ၀ ကိုအစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ငယ်ရွယ်နုနယ်တဲ့ ခေါင်ဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုပမ်းလှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။
ဒီလို ထူးထူးခြားခြား သည်းခြေကြိုက် ဆန့်ကျင်အာခံလိုစိတ်တွေနဲ့တက်ကြွပြီး သြဇာတိက္ကမကြီးမားလှတဲ့ ဘယ်လို အတိုက်အခံအဖွဲ့အစည်းမျိုးကို ဘယ်လိုအာဏာရှင်အစိုးရမဆို ပစ်မှတ်ထား ချေမှုန်းမှာအသေအ ချာပါပဲ။ ၁၉၆၂ ခုနှစ်ကတည်းက အာဏာရလာတဲ့ မြန်မာစစ်အစိုးကတော့ အာဏာရပြီးသိပ်မကြာခင် ရန် ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦးကိုဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အသင်းအပင်း ဖွဲ့စည်းခွင့်ကို တရားမ၀င်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အုပ်ချုပ် မှုကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံခဲ့ပါတော့တယ်။ တစ်တိုင်းအပြည်လုံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့သူတွေကတော့ ကျောင်းသား၊ ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိက တောင်း ဆိုချက်တွေထဲကတစ်ခုကတော့ ကျောင်းသားသမဂ္ဂတစ်ရပ်ကို ဖွဲ့စည်းခွင့်ပဲဖြစ်ပါတယ်။
ဒီအတွက် စစ်အာဏာရှင်တွေ တုံ့ပြန်လိုက်တဲ့အဖြေကတော့ သူတို့ကို ပစ်သတ်လိုက်ကြတာပါပဲ။ ရှစ်နှစ် ကျော်ကြာလာတဲ့အထိ မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေဟာ သူတို့ အကျိုးကို ဖြည့်ဆည်းပေးပြီး သူတို့အတွက် အမှန်တကယ် လိုချင်တောင့်တလှတဲ့ ကျောင်းသားအဖွဲ့အစည်းမျိုး မတည်ထောင်နိုင်သေးပါ ဘူး။
အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုတောင်းဆိုတဲ့ ကျောင်း သား ဆန္ဒပြပွဲတစ်ရပ်ပေါ်ပေါက်ခဲ့ပြီး အဲဒီ ဆန္ဒပြပွဲတောင်းဆိုချက်တွေကို လျစ်လျူရှုခြင်းခံခဲ့ရပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာပါဝင်သူတွေကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ် ပါတီဝင်တွေကို အဆိုပါ ဆန္ဒပြပွဲကို စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပါတယ်။ ကျမကို လည်း ကျောင်းသားတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။
နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေ့ဆုံးဆွေးနွေးတာဟာ အစိုးရကို ပုန်ကန်ခြားနားတယ်လို့ အမှန် တကယ်သာ ယူဆနေမယ်ဆိုယင် ကျမတို့နိုင်ငံမှာ ၀မ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီးပေါ်ပေါက်လာ တော့မှာဖြစ်ပါတယ်။ ကျမတို့ဟာ မတူညီတဲ့ မျိုးဆက်တွေအကြား နီးစပ်အောင်ကြိုးပမ်နေခြင်းသာဖြစ်ပြီး ဒီလို ကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ ရည်ရွယ်ချက်တွေ ဆက်လက်ရှင်သန်နေစေပြီး ကျမတို့ရဲ့ ကြိုးစားအားထုတ် မှုတွေဟာလည်း ကျမတို့တိုင်းပြည်အတွက် အကောင်အထည်ပေါ်လာပါလိမ့်မယ်။
ကျမတို့ဟာ အစဉ်အလာမဟုတ်တဲ့ဖြစ်ရပ်တွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရဗျူရိုကရက်တွေပေါင်း စည်းထားတဲ့အားကို ဆန့်ကျင်အာခံယင်း ကျမတို့ဟာ တခါတလေမှာ သံသယ ဖြစ်ခံနေရပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိ အမိန့်အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်းတည်ရှိမယ့်အရာတွေပဲလို့ ယုံ ကြည်နေသူတွေရဲ့ သံသယတွေပါပဲ။ ဒါကြောင့် လက်ရှိအခြေအနေကိုပဲ လက်ခံလိုက်တာကအသင့်လျှော်ဆုံး ဖြစ်မယ်လို့ နားလည်လက်ခံလိုက်သူတွေ ဘယ်လောက်များများရှိနေလဲဆိုတာ အံ့သြစရာပါပဲ။
ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ ကိစ္စတွေအတွက် ပြောင်းလဲဖို့အင်အားရှိတယ်လို့ ယုံကြည်ထားပေမယ့် အာ ဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီလမ်းဟာ လွယ်ကူလှတယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျမတို့ရဲ့ ပြဿနာတွေအားလုံ ပြေပျောက်သွားမယ် လို့ ဘယ်တုန်းကမှ မှန်း ဆ ခဲ့တာမျိုးမရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့ သိ သလို တည်ငြိမ်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်တည်ထောင်ဖို့အတွက် ကျမတို့ရဲ့ လှုပ်ရှားရုန်းကန်မှု ဟာ ကျမတို့ရဲ့ ဘ၀ သက်တမ်းမက ကြာမြင့်ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကျမတို့ ကြိုတင်မှန်းဆထားပါ တယ်။
ဒါပေမယ့် ဒီလို လှုပ်ရှားရုန်းကန်မှုဟာ ကျမတို့ချည်းသက်သက်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ် လပ်မှုနဲ့ တရားမျှတမှုကို ရှာဖွေရာမှာ ကျမတို့ကို ဂရုဏာသက်သူတွေ ကမ္ဘာနဲ့အ၀ှန်းရှိနေတယ်ဆိုတာ သိပါ တယ်။ လူမျိုး၊ ဘာသာ နဲ့ အသားအရောင်မခွဲခြားပဲ နေရာတိုင်းက လူသားတွေ အနေနဲ့ အဓိပ္ပါယ်ရှိတဲ့ဖြစ် တည်မှုကို လိုလားတောင့်တာမှုဟာ ရုပ်ဝတ္ထုပစ္စည်း တပ်မက်မှုသက်သက်ထက် အဆပေါင်းများစွာ သာလွန်ပါ တယ်။ နိုင်ငံရေးအခွင့်အရေးတွေအပြည့်အ၀ရှိတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံကောင်းလှသူတွေ အနေနဲ့ ကျမတို့ရဲ့ ဆင်းရဲ ဒုက္ခတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးရဲ့အခြားတနေရာရှိ ကံမကောင်းအကြောင်းမ လှသူတွေကို ကူညီဖို့ အင်မတန်လိုအပ်လှပါတယ်။
ကျမတို့ လှုပ်ရှားရုန်းကန်မှုရဲ့ တစ်စိတ်တစ်ပိုင်းကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကျမတို့ ဆင်းရဲမွဲ တေနေရတာဟာ လုံလောက်တဲ့ရင်းမြစ်နဲ့ ရင်းနှီးမြှတ်နှံမှုတွေ ရှားပါးလွန်လို့မဟုတ်ပဲ အုပ်ချုပ်မှုကောင်း ကောင်းကို ပေါ်ထွန်းစေတဲ့ အလေ့အကျင့်နဲ့ အခြေခံအဆောက်အအုံတွေ နည်းပါးလွန်းလို့သာဖြစ်တယ် ဆို တာ သိမြင်နားလည်စေခြင်းပါပဲ။
ဖိနှိပ်လွန်းတဲ့အစိုးရတွေနဲ့ ဆက်လို့ နောက်တွန့်စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံကျော် စီးပွားရေးလုပ်ငန်းကြီးတွေ အ များအပြားရှိပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို အကူအညီဖြစ်စေဖို့သာဖြစ်တယ်လို့ အကြောင်ပြလေ့ရှိပါတယ်။
ဒါပေမယ့် နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတဲ့ ချမ်းသာပြီးသားလူတစ်စုကိုသာ ပိုမို ချမ်းသာစေတဲ့ ရင်းနှီးမြှတ်နှံမှုတွေဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံအုဌ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖေါ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့ကြံဆမှုတွေကို မြှင်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျတ် နိုင်သူ ဘယ်သူမဆို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီင်္တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြတ်ပြတ်သားသားရပ်တည်ဆန့်ကျင်သွားဖို့ တိုက်တွန်းလိုပါတယ်။ ကျေးဇူးပြုပြီး ကျမတို့ရဲ့ လွတ်မြောက်မှု အတွက် ရှင်တို့ ရဲ့ လွတ်လပ်မှုကို အသုံချပေးပါ လို့ တောင်းပန်ပါရစေ။
အထက်ပါစာစုမှာ ၀ါရှင်တန်ရှိ အမေရိကန် တက္ကသိုလ်အတွက် ပေးပိုသော သူမ၏သ၀ဏ်လွှာကို the International Herald Tribune သတင်းစာကြီးက ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။ သူမကိုယ်စား သူမ၏ခင်ပွန်းက ပြီး ခဲ့သည့်အပတ်တွင် လာရောက်ဖတ်ကြားသွားခြင်းဖြစ်သည်။
ပေးပို့ ပေးတဲ့ ကိုနေခြည်ကို ကျေးဇူးအထူးတင်ပါတယ်၊ လက်ဆင့်ကမ်းလို့ မျှဝေပေးကြပါ
အညာနွေတမာမြေ
Tuesday, November 17, 2009
The International Herald Tribune သတင်းစာမှာပါတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန်းခွန်းတချို့
Labels:
သုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment