နိုဝင်ဘာ၁၉ ရက်နေ့ ည ၇ နာရီချိန်ခန့်မှာ လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့က ကိုမင်းနိုင်ကို လှည်းကူးရဲစခန်းမှ တပ်ကြပ်ဝေဖြိုးဦး (ရကတ/၃၅၇၅၁)က ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ထောက်ကြန့်မြို့နယ် ရန်ကုန်-ပဲခူးလမ်းမှာရှိတဲ့ ဆံပင်ညပ်ဆိုင်ရှေ့မှာ အဲ့ဒီရဲတပ်ကြပ်က ကိုမင်းနိုင်ကို “NLD က မင်းနိုင်ဆိုတာ မင်းလား” လို့မေးတဲ့အခါ ကိုမင်းနိုင်က “မင်းတို့ကရဲပဲ သိမှာပေါ့ကွာ” လို့ ပြန်ပြောတာမှာ “NLD ကို ရဲကရိုက်တယ်ကွာ” လို့ပြောပြီး မျက်နှာကို ဖိနပ်နဲ့ ၆ချက် ၇ ချက်လောက်ရိုက်တာလို့ မျက်မြင်တွေက ပြောပြပါတယ်။
အမှုသွားဖွင့်တဲ့အခါ ရိုက်မှုဖြစ်နေတဲ့ အတွက် ဆေးစစ်ချက်သွားယူရတယ်လို့ ဆိုပါတယ်။ မျက်နှာအရိုက်ခံရတဲ့ ဒဏ်ရာ၊ သွေး၊ ဆီးက အစ ဆေးစစ်ရတယ်လို့ ဆိုပါတယ်။ အခု အရိုက်ခံထားရတဲ့ ကိုမင်းနိုင်ဟာ နားအူနေလို့ နားဆေးရုံက ဆေးစစ်ချက် ထပ်သွားယူနေရတယ်လို့ ဆိုပါတယ်။
ရိုက်လိုက်တဲ့ ရဲတပ်ကြပ်ဆိုသူဟာ အရက်မူးနေတာကြောင့် အရက်မူးလို့ ရိုက်တာပါဆိုပြီး မတရားအမှုပြန်ဆင်နိုင်တယ်လို့ အဖွဲ့ဝင် လူငယ်လေးတွေက ပြောဆိုနေကြပါတယယ်။
ဒီသတင်းကို ပြောပြလာတဲ့ လူငယ်လေးက သူ့ရဲ့ခံစားချင်ကို အခုလို ရင်ဖွင့်ပြောဆိုသွားပါတယ်။
“အတိုက်အခံဆိုတာလည်း ပြည်သူပါပဲ မှားရင် ထောက်ပြ၊ မမှန်တာတွေ့ရင် မမှန်ဘူးပြောရဲတာ အတိုက်အခံ(ပြည်သူ) ပါပဲ။ ပြည်သူ့ရဲဆိုတာ အဲ့လို လုပ်လို့ရလား? ပြည်သူကို ကာကွယ်ဖို့လား? နှိပ်စက်ဖို့လား? ဒီလို ပြည်သူတွေကို အစိုးရအဖွဲ့အစည်းတွေက နှိပ်စက်ညှင်းပန်းနေတာကို သိသိရဲ့နဲ့ မသိချင် ယောင်ဆောင်နေတာလား? တကယ်မသိတာလားလို့ မေးချင်လိုက်တာ ဗိုလ်ချုပ်မှူးကြီးရယ်။ မိဘ လို အုပ်ချုပ်တယ်တဲ့လား? ပေါရိသာဒ လို မိဘမျိုးလား ကွယ်။ တပ်မတော်သာ အမိ တပ်မတော်သာ အဖ တဲ့လား? ကျတော် မိဘမဲ့ ဖြစ်ချင်လိုက်တာ”
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment