အာဏာရူးကြီး မှူးကြီး သန်းရွှေလို့ အဓိပ္ပါယ်ရတဲ့ ချစ်သူများနေ့ ကဗျာကို ရေးခဲ့လို့ ရမည်းသင်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကဗျာဆရာ စောဝေ၊ သူ့မိခင်ကြီး မွေးနေ့အတွက် ရေးဖွဲ့ထားတဲ့ ကဗျာလေး အားလုံးကို မျှဝေ လိုက်ပါတယ်။
အမေ လေးဆယ့်ခြောက်
* လင်ကွန်းရဲ့ အမေ
သခင်အောင်ဆန်းရဲ့ အမေ
ထူးအိမ်သင်ရဲ့ အမေ
နေဇာမျိုးဝင်းရဲ့ အမေ
အမေတွေဆိုတာက ဘယ်လိုသားကိုမဆို
တိုင်းပြည်ဖျက်ဖို့ မွေးခဲ့တာမဟုတ်
တိုင်းပြည်ကောင်းဖို့ မွေးခဲ့ကြတာပဲဖြစ်တယ်။
* အရပ်သားရဲ့ အမေ
ဘုရားသားရဲ့ အမေ
တိုင်းရင်းသားရဲ့ အမေ
ကျောင်းသားရဲ့ အမေ
ရဲသားရဲ့ အမေ
သံလမ်းလုပ်သားရဲ့ အမေ
လယ်သမားရဲ့ အမေ
စစ်သားရဲ့ အမေ
သားအားလုံးရဲ့ အမေ
အမေတိုင်းက သားအတွက်ဆို
ရင်ဘတ်တခြမ်း အပုတ်ခံမယ်
ကောင်းကင်က ကြယ်တလုံးကို သားနာမည်ထိုးဖို့
ခေါင်းထဲက ဦးနှောက်ကို ထုပ်ပြီး အသုံးချမယ်။
သားအတွက်ဆို အမေဟာ
အရဲရင့်ဆုံးနဲ့ အကြောက်တတ်ဆုံး “သူရဲကောင်း ဖြစ်တယ်”
* ဒါပေမယ့် အမေရယ်
တခုတော့ အကြံပေးချင်တယ်။
သားတွေကို “ဆရာကောင်း” ရွေးပေးစေချင်တယ်။
ဆရာမကောင်းရင်
တိုင်းပြည်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ၊ ဥစ္စာ ညောင်းရမယ်။
အမေ့ မျက်စိရှေ့မှာမြင်နေတယ်၊ မြင်တယ်၊ မြင်ရမယ်၊
အမေနဲ့သား ရင်တခွင်မှာ အောင်မြင်သွားပါစေ
မေတ္တာတွေပွား လွတ်လပ်ခြင်းတရားနဲ့ ပေါင်းဆုံကြပါစေ။
ဒေါ်လှလှဝင်း (ခ) ဒေါ်ယမင်း မွေးနေ့သို့
စောဝေ
ရမည်းသင်း ထောင်သား
20 Aug 009
Wednesday, December 2, 2009
အမေ လေးဆယ့်ခြောက်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment