ဒုဥက္ကဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီး အဖွဲ့ ချုပ်ဧ။်မူလတာဝန်များကို ပြန်လည်ထမ်းဆောင်နေပါပြီ။ လူငယ်များက ဘဘဦးတင်ဦး ဟုခေါ်ကြသော၊ NLD ဒုဥက္ကဌ လွှတ်မြောက်လာသည့်သတင်းသည်၊ မင်းကိုနိုင် တို့ ၊ ဘဘဦးဝင်းတင်တို့ လွတ်စဉ်များကလောက် ဂယက်သိပ်မထလှပါ။ မီဒီယာများကလဲ ယခင်ကိစ္စများ တုံးကလောက် အသားမပေးလှပါ။ မင်းကိုနိုင်တို့ လွတ်လာကြစဉ်က၊ အမျိုးသားညီလာခံဆိုတာကြီးက ကျင်းပ နေဆဲဖြစ်ပြီး၊ အခြေခံဥပဒသစ်အတွက် အခြေခံမူများဆိုတာတွေကို မချရသေးပါ။ ထို့ ကြောင့် နိုင်ငံရေးရေစီး ကြောင်းကို တစုံတရာပြောင်းပစ်နိုင်စရာလမ်းတွေ မျှော်လင့်ချက်တွေ ရှိသေးသည်ဆိုပါစို့ ၊ ထို့ ကြောင့် ‘၈၈ မျိုး ဆက်’ ကျောင်းသားများအပေါ်အားကိုးမျှော်လင့်ပြီး လှုပ်လှုပ်ရွရွဖြစ်ခဲ့ရပါသည်။
ဘဘဦးဝင်းတင်လွတ်လာချိန်တွင်တော့၂၀၀၈ အခြေခံဥပဒေဆိုတာကို အတင်းပြဌာန်းပြီးနေပြီ၊ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကိုလဲကြေညာပြီးနေပြီ၊ သို့ သော်နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကုလသမဂ္ဂတို့ ကပြင်းပြင်း ထန်ထန်ကန့် ကွက်နေဆဲဖြစ်သဖြင့်၊ စစ်အစိုးရဧ။်ခြေလှမ်းတွေကိုဟန့် တားရန်အချိန်တွေရှိသေးသည်ဟုထင် ကြပြီး၊ ဘာတွေများဖြစ်လာမလဲဟု စိတ်ဝင်စားခဲ့ကြပါသည်။ ဘဘဦးဝင်းတင်ကလည်း၊ လွတ်လာကတည်းက ယနေ့ အထိ၊ အရှိန်အဟုန်မပျက်ဘဲ ရုန်းကန်လှုပ်ရှားရင်း၊ ပြောသင့်သည်ထင်သမျှကိုဘာမှ မငှဲ့ ကွက်ဘဲပြော ဆိုနေဆဲဖြစ်ပါသည်။ စစ်အစိုးရကလည်း သူ တို့ စိုးရိမ်သလိုဆူပူအုံကြွမှုတွေ ဖြစ်မလာလေတော့ ပြောပစေဟု များပစ်ထားသလားမသိပါ။
ဘဘဦးတင်ဦးသည်လည်း၊ ဘဘဦးဝင်းတင်လိုပင် ခံယူချက်ကို မြဲမြံစွာ ကိုင်ထားပြီး မိမိအယူအဆကို ရိုးရိုးရှင်းရှင်းနှင့်ပွင့်လင်းစွာဖော်ထုတ်ပြောဆိုလေ့ရှိသူဖြစ်ပါသည်။ ၈၈အရေးတော်ပုံကို ဒေါ်အောင်ဆန်းစုကြည် တို့ နှင့် တစ်တန်းတည်းခေါင်းဆောင်ခဲ့သူ၊ ၁၉၉၅မှ ၂၀၀၃ခုနှစ်အထိရှစ်နှစ်တိုင်တိုင်အဖွဲ့ ချုပ်လူထုနှင့် လက် ပွန်းတတီး တသားတည်းနေခဲ့ပြီး လူငယ်ထုက ချစ်ကြည်ညိုသူဖြစ်ပါသည်။သို့ သော် ယနေ့ မျက်မှောက်နိုင်ငံ ရေးဖြစ်စဉ်ကို ပြောင်းပစ်နိုင်လိမ့်မည်ဟုမျှော်လင့်၍တော့မဖြစ်နိုင်ပါ။ မည်သို့ ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ပြီး လျှင်၊ အဖွဲ့ ချုပ်အပေါ်တွင်သြဇာအရှိဆုံး၊ အဖွဲ့ ဝင်ထုဧ။်ယုံကြည်အားထားကြည်ညိုဆုံးခေါင်းဆောင်တစ်ဦးဖြစ် သော၊ဘဘဦးတင်ဦးဧ။် တိုက်ရိုက်ခေါင်းဆောင်မှုကို ပြန်လည်ရရှိခြင်းသည်၊ အဖွဲ့ ချုပ်အတွက်တအားပင်ဖြစ် ပါသည်။
ဖေဖော်ဝါရီ(၁၃)ရက်နေ့ ညကလွတ်လာပြီး၊ ၁၅ရက်နေ့ ရုံးစတက်သည်နှင့် ဘဘဦးတင်ဦးအရင်ဆုံး စတင်ကိုင်တွယ်ရသည့် ပြသနာမှာ၊ ဗဟိုကော်မတီပြန်လည်ဖွဲ့ စည်းရန် လူစာရင်းရာထားခြင်းကိစ္စပင်ဖြစ်သည် ဟုဆိုပါသည်။ ထိုနေ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးတွင်ရော၊ ၁၆ရက်နှင့် ၁၇ ရက်နေ့ ဍ် တိုင်း၊ပြည် နယ်ကိုယ်စားလှယ်များနှင့် တွေ့ ဆုံရတွင်ပါ၊ ဘဘဦးတင်ဦးဧ။်ဆွေးနွေးချင့်ချိန်ဆုံးဖြတ်ချက်ချမှုများသည်၊ အ ကျဉ်းကျရာမှ လွတ်လာသည်နှင့်မတူပဲ၊ အဖွဲ့ ချုပ်ဧ။်ဖြစ်စဉ်ဖြစ်ရပ်များနှင့်၊ အဆက်မပြတ်တထပ်တည်းရှိနေ သည်ဟု ကြားသိရသဖြင့် အားရှိစရာပင်ဖြစ်ပါသည်။ သို့ သော်ဗဟိုကော်မတီအတွက်လူရွေးခြင်းဆိုသည်မှာ အရေးတကြီးကိစ္စဖြစ်သော်လည်း၊ အရေးကြီးဆုံးကိစ္စတရပ်တော့မဟုတ်ပါချေ။
ရွှေဂုံတိုင်ကြေညာစာတမ်းကိုကိုင်ဆွဲလျက်၊ ၂၀၁၀ရွေးကောက်ပွဲကိစ္စကိုစဉ်းစားရန်အချိန်မကျသေးပါဟု ဆိုနေသော်လည်း၊ အဆုံးအဖြတ်ပေးရမည့်အချိန်က မဝေးတော့ပါ။ထို့ ကြောင့် အဖွဲ့ ချုပ်အဖွဲ့ ဝင်ထုထဲတွင်ဤ ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ အမျိုးမျိုးဝေဘန်သုံးသပ်လျက်၊ အမြင်အမျိုးမျိုးရှိနေကြသည်မှာ၊ ပိတ်ပင်တား စီး၍မရနိုင်သလို၊ ဆန်းသည့်ကိစ္စလဲ မဟုတ်ပါ။ အခုတလောတွင်ကျယ်နေသည့်ဝေါဟာရကိုသုံး၍ပြောရလျှင် ရီရယ်လစ်(Realist) များနှင့် အိုင်ဒီယယ်လစ်(Idealist) များသဘောထားကွဲနေကြသည်ဆိုပါစို့ ၊ ဗမာလို ရိုးရိုးပဲ ဆိုရလျှင်လက်တွေ့ ကျကျစဉ်းစားသူများနှင့် မူဝါဒကို အထိမခံဟူသောခံစားချက်နှင့်စဉ်းစားသူများဟု ကွဲပြား နေပါသည်။ ကဗျာဆန်ဆန်ပြောရလျှင်တော့ ဦးနှောင့်နှင့် နှလုံးသား လွန်ဆွဲနေခြင်းပါ။
ဤသို့ သောဒိုင်ယာလက်တစ်သည်၊ သဘာဝလောကကြီးနှင့်လူ့ လောကတစ်ခုလုံးတွင်ရှိနေသည်သာ ဖြစ်၍၊အဖွဲ့ ချုပ်အထဲတွင် ၄င်းအဖွဲ့ ဝင်တစ်ဥိးခြင်းဧ။် အကြံအစည်စိတ်ကူးထဲတွင်ပါရှိနေပါသည်။ လူတစ် ယောက်တည်းတွင်ပင်ဒီနေ့ ၊ ဒီအခြေအနေ၌ လက်တွေ့ ကျကျစဉ်းစားသော Realist ဖြစ်နေသော်လည်း နောက်တစ်နေ့ နောက်အခြေအနေတွင် ခံယူချက်ကို တစက်မှအထိမခံဟူသောခံစားချက်နှင့် စဉ်းစားသော Idealist ဖြစ်သွားနိုင်ပါသည်။ ထို့ ကြောင့်အဖွဲ့ ချုပ်အတွင်း ဖြစ်ပေါ်နေသောဝိရောဓိများသည်၊ချေဖျက်၍မရ သော၊ သို့ မဟုတ် ပျက်စီးမှုကိုဦးတည်သောကွဲပြားချက်များမဟုတ်ပါ။ ပြေလည်အောင်ညှိနိုင်သော ၀ိရောဓိများ သာဖြစ်ပါသည်။
သိုသော်ဘဘဦးတင်ဦးကပင်၊ပဋိပက္ခအသွင်ဆောင်သောဝိရောဓိတစ်ခုသည် ရှိနေကြောင်းကို ၂၀-၂- ၂၀၁၀ရက်နေ့ က ဖော်ထုတ်သွားခဲ့ပါသည်။ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားပါတီများစုပေါင်း၍ ပြုလုပ်သောဂုဏ်ပြုပွဲတွင်၊ ပြန်လည်ကျေးဇူးတင်စကားပြောရာဍ် ဒီပဲယင်းကိစ္စအပြီးအမျိုးသားညီလာခံပြန်မ ခေါ်မှီအခြေအနေများနှင့် ပတ်သက်၍ ယခင်အဖွဲ့ ချုပ်ခေါင်းဆောင်မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘကသူ့ ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင်ပြောခဲ့ပါသည်။ အဓိက အချက်မှာထိုစဉ်က ဆွေးနွေးပွဲများဖြစ်ခဲ့  သည်၊ ထိုဆွေးနွေးပွဲများတွင်ဒေါ်အောင်ဆန်းစုကြည်က ဒီဲပဲယင်းကိစ္စကိုခွင့်လွတ်ကြောင်း နအဖ ဘက်ကိုပြော ထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဖက်သဘောတူပြိးပြီ ထိုစဉ်ကပြည်ထဲရေးဝန်ကြီးအပါအ၀င် တစ်ဖက်ကိုယ်စားလှယ်များဧ။်အဆိုအရ၊ ထိုစဉ်က ၀န်ကြီးချုပ်ကလည်း ၀မ်းမြောက်ဝမ်းသာလက်ခံခဲ့ပြီးပြီ။ တရက်အလိုကျမှတပ်ချုပ်က အားလုံးကိုဖျက်ပစ်လိုက်သည်ဟူ၍ဖြစ်ပါသည်။
ဤတွင် NLDကထည့်သွင်းစဉ်းစားရမည့်ကွယ်ဝှက်နေသောပြသနာတစ်ခုကိုအဖွဲ့ ဝင်များရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ ချုပ်ကတွေ့ ဆုံဆွေးနွေးခြင်းကို အခြေခံမူအဖြစ်ရွှေဂုံတိုင်ကြေညာစာတမ်းအထိမြဲမြံစွာကိုင် ထားဆဲဖြစ်သည်။ သို့ သော်တဘက်ကအဆုံအဖြတ်ပေးနိုင်သောပုဂိုလ်သည်တွေ့ ဆုံဆွေးနွေးရန်စိတ်မ၀င်စားရုံ မျှမက၊ တွေ့ ဆုံဆွေးနွေးရေးရလာဒ်ကိုဖျက်ပစ်ပြီး ၀န်ကြီးချုပ်ကိုဖြုတ်ပစ်ဘို့ ဝန်မလေးပါ။ဤပဋိပက္ခကို မည်သို့  ဖြေရှင်းမည်နည်း။
ဘဘဦးဝင်းတင်ထောင်ထဲကထွက်လာကတည်းကပြောနေခဲ့သလိုပင်၊ ဤကိစ္စကိုပြေလည်ရန်မှာ၊လက် တွေ့ ကျကျလက်နက်ချအရှူံးပေးဒူးထောက်ခြင်းနှင့် အဖွဲ့ ချုပ်အပျက်ခံပြီးမူဝါဒကိုဆွဲကိုင်ထားခြင်းနှစ်ခုကိုသာ ရွေးရန်ရှိသည်။ ဤကိစ္စသည် နှလုံးသားနှင့် ဦးနှောင့်ဝိရောဓိထက်မြင့်သော အဖွဲ့ ချုပ်ဧ။်ဖြစ်တည်မှုပြသနာ ပင်ဖြစ်နေပါသည်။
ဘဘဦးတင်ဦးသည် တပ်ချုပ်ဘ၀မှ ထောင်အကြိမ်ကြိမ်ကျခဲ့ပြီးသော ဥပဒေပညာရှင်နိုင်ငံရေးသမား ဘ၀သို့ ရောက်လာခဲ့သူဖြစ်ပါသည်။ သူ့ ဘ၀တလျောက်တွင် လက်တွေ့ ကျကျ၊ ဆင်ခြင်တုံတရားကိုရှေ့ တန်း တင်၍စဉ်းစားဝေဘန်ဆုံးဖြတ်ခဲသည်မှာလည်းများလှပါပြီ။ ထို့ အတူ ခံယူချက်ကိုကိုင်ဆွဲ၍ နိုင်ငံနှင့်ပြည်သူတို့  အတွက်ခံစားကာ၊ ရုန်းကန်လှုပ်ရှားခဲ့၍ အကျဉ်းကျခံရသောကာလများမှာလဲ စုစုပေါင်း ဆယ်စုနှစ်၊ နှစ်စုနီးပါး ရှိနေပါပြီ။
မကြာမီတွင်မလွဲမသွေလုပ်ကြရတော့မည်ဖြစ်သော၊ အဖွဲ့ ချုပ်ဧ။်လက်တွေ့ လမ်းစဉ်ချမှတ်ခြင်းလုပ်ငန်း စဉ်တွင်ဘဘဧ။်ကျယ်ပြန့် သောအတွေ့ အကြုံများ၊ ခိုင်မြဲသောခံယူချက်၊ သန့် ရှင်းသောသီလ၊ မြင့်မြတ်သော ကိုယ့်ကျင့်သိက္ခာတို့ အပြင် အစဉ်အလာကြီးသောခေါင်းဆောင်မှုစွမ်းရည်တို့ က ကြီးမားသောအထောက်အပံ့ ဖြစ်ပါစေဟု ရိုးသားစွာ ဆုတောင်းလိုက်ပါသည်။
ရန်ငြိမ်းအောင်(လူငယ်)
အညာနွေတမာမြေ
Wednesday, February 24, 2010
ဦးတင်ဦးနှင့် လက်တွေ့ ပြသနာ
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment