အေးလွင်တို့ရဲ့ အဖွဲ့ဝင်တွေ စစ်ကိုင်းတိုင်း ကလေးမြို့မှာ စည်းရုံးရေး သွားလုပ်တာ ဖျာလိပ်ပြေးရသတဲ့။
အဖြစ်က ဒီလို ....
သူတို့က ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်က ရွှေဘုံသာ ဓမ္မာရုံမှာ “အမျိုးသားရေး ဆုံတွေ့ ရှင်းလင်းပွဲ” ဆိုတဲ့ ခေါင်းစဉ်ကြီးကြီးနဲ့ လုပ်ဖို့အတွက် ရယက လူကြီးတွေကို အိမ်တိုင်ရာရောက် ဖိတ်စာတွေ လိုက်ဝေခိုင်းသတဲ့။
ဖိတ်စာမှာ “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် အမျိုးသားရေး ဆုံတွေ့ရှင်းလင်းပွဲ ဖိတ်ကြားလွှာ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့၊ စီးပွားရေး ပိတ်ဆို့မှု ဆန့်ကျင်ရေး၊ အမျိုးသား လှုပ်ရှားမှု ၂ဝဝ၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ အမျိုးသား လှုပ်ရှားမှု ၂ဝဝ၇ နှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးလှုပ်ရှားမှု ၂ဝဝ၉ တို့နှင့် ပတ်သက်သော အမျိုးသားရေး တွေ့ဆုံရှင်းလင်းပွဲ တရပ်ကို ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ရွှေဘုံသာ ဓမ္မာရုံ၊ အောင်မင်္ဂလာ ရပ်ကွက်။ ကလေးမြို့” လို့ ပါတယ်။
အစကတော့ ဓမ္မရုံ ဂေါပကက ခွင့်ပြုပေမယ့် နောက်တော့ ဘယ်လိုဖြစ်တယ်မသိ ခွင့်မပြုတော့သလို၊ ကလေးမြို့ခံတွေကလည်း “ဒီကောင်တွေက ဘာမို့လို့ သွားစရာလိုလဲ” ဆိုပြီး တိုင်ပင်စရာမလိုပဲ တက်ညီလက်ညီ မသွားကြတာကြောင့် သူတို့ချင်းပဲ စကားတွေ အခြေအတင်ပြောကြပြီး တပ်ပြန်ခေါက်သွားရကြလေသတည်း ပေါ့ဗျာ။
ကလေးမြို့က ပြည်သူတွေကိုတော့ ချီးကျူးတယ်ဗျာ။ အခုလို အချိန်မှာ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်ရထားတဲ့ပါတီတွေ လူတွေက ပြည်သူကို ကိုယ်စားမပြုဘူးဆိုတာကို အသံလွှင့်ဌာနတွေ ကျေးဇူးကြောင့် သိနေကြလို့ အခုလို အေးလွင်တို့ အဖွဲ့ ခံလိုက်ရတာပါပဲ။ ၂၀၀၉ ဒီဇင်ဘာ ၁၉ ရက်တုန်းကပဲ ကိုအေးလွင်တို့ အုပ်စုကို ကြည့်မြင့်တိုင်တဖက်ကမ်းက အလတ်ချောင်းရွာမှာ ဆွေးနွေးပွဲလုပ်တုန်း ကြံဖွတ်တွေက ၀ိုင်းရိုက်လို့ ခွေးပြေးဝက်ပြေးပြေးခဲ့ရတာကို အမှတ်သည်းခြေမရှိပဲ နယ်ချဲ့ စည်းရုံးလာနေတာပါ၊
ကဲ .. ကျန်တဲ့ပြည်သူတွေကရော .. ဘယ်လိုလဲ ခင်များတို့ နေရာသူတို့ ရောက်ရင်ကြိုဆိုမလား
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment