မတ်လ ၇ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က နေပြည်တော် ပျော်ဖွယ် နတ်မောက် ပြေးဆွဲတဲ့ ကားရထားက ပျော်ဖွယ်ကနေ နတ်မောက်ဖက်သွားဖို့ ခေါင်းတည်ထားရင်း စက်နိုးပြီး စက်ပြင်နေတုန်း ရထားက မောင်းသူမပါပဲ ခရီးသည် ၉ ဦးနဲ့အတူ နောက်ပြန်မောင်းထွက်သွားတဲ့အတွက် သာစည်ဘူတာအကျော် ဟန်ဇားဘူတာအရောက်မှာ မန္တလေးကို သွားနေတဲ့ လော်ကယ်ရထားကို နောက်ကနေ အရှိန်ပြင်းပြင်းနဲ့ ၀င်တိုက်လိုက်ပါတယ်၊
အဲလိုမတိုက်ခင်မှာလဲ တောင်ကြီးကဆင်းလာတဲ့ ကြက်ဥတင် ဟိုင်းလပ်ကား ၄က ၁၅၃၈ ကိုဝင်တိုက်သွားတာဟာ ခေါင်းပိုင်းကြေမွသွားပြီး မန္တလေးလော်ကယ်ရထားပေါ်မှာပါတဲ့ ဂတ်ဗိုလ် ဦးမော်ကြီးနဲ့ သားဖြစ်သူ ယမ်ယမ် အပါအ၀င် ခရီးသည် ၉ ဦးသေဆုံးသွားခဲ့ပါတယ်၊ ဒဏ်ရာရသူတွေကို သာစည်ဆေးရုံမှာကုသပေးနေပါတယ်၊ လက်ရှိတော့ သာစည်ဆေးရုံမှာ အလောင်း အမျိုးသမီးအလောင်းတခုနဲ့ ယမ်ယမ်ရဲ့ အလောင်း ရင်ခွဲရုံမှာရောက်နေပါတယ်၊ တချို့ ကအတွဲညှပ်နေတဲ့အတွက် ထုတ်မရသေးဘူးလို့ အညာနွေက စုံစမ်းသိရှိရပါတယ်၊
Rest of your post
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment