-->

Friday, March 19, 2010

၂၀၁၀ ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြတဲ့ ဒေလီက မြန်မာများ

ဒီနေ့မှာ နယူးဒေလီက မြန်မာသံရုံးရှေ့မှာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြတဲ့ ဒေလီရောက် မြန်မာ ၆၈ ယောက်ဟာ ဆန္ဒပြတာ ပြီးပြီးချင်းမှာပဲ အိန္ဒိယရဲတွေ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

အခုချိန်ထိ သူတို့ကို ချန်နကရာ ပူရီ ရဲစခန်းမှာပဲ ထားထားပြီး တရားစွဲမှာလား၊ ပြန်လွှတ်မှာလား ဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာသံရုံးရှိတဲ့နေရာဟာ ကန့်သတ်နယ်မြေသတ်မှတ်ထားတာကြောင့် ဆန္ဒပြတာတွေ မလုပ်ရပါဘူး။ ဆန္ဒပြဖို့ရာကို ဂျန်တားမန်တား ပန်းခြံနေရာမှာပဲ သတ်မှတ်ထားတာဖြစ်ပါတယ်။




နယူးဒေလီ မြန်မာသံရုံးရှေ့က ပုံရိပ်များ
အညာနွေတမာမြေ

No comments: