ဒီနေ့ သတင်းစာမှာဗျာ
အမှတ်(၂) စက်မှုဝန်ကြီးဌာနကနေပြီးတော့ နေရောင်ခြည်စွမ်းအင်သုံး ကားတွေ၊ နေရောင်ခြည် စွမ်းအင်အတွက် solar ပြားတွေ ထုတ်မယ်ဆိုပဲ …
Solar Panel စီမံကိန်းတွေ လုပ်နေတယ်ဆိုပဲ … ပြော မပြောချင်ပါဘူးဗျာ .. လုပ်လိုက်တဲ့ စီမံကိန်းတွေ .. စီမံကိန်းတွေ .. နည်းတာမှ မဟုတ်ပဲဗျ …
အဲ့ဒီစီမံကိန်းကြီးတွေ … စီမံကိန်း လတ်တွေ … စီမံကိန်းသေးတွေ … စီမံကိန်း ပိစိတွေ … အကျိုးဖြစ်ထွန်း အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကတော့ ခင်များတို့လည်း အသိ .. အားလုံးအသိ …
အခုလည်း လာပြန်ပြီ။
နေရောင်ခြည်စွမ်းအင်သုံး ဘက်ထရီ ကားတဲ့ … solar panel တွေတဲ့ .. ပြည်သူတွေ အသုံးပြုမှု များမှာမို့လို့ များများထုတ်မယ်တဲ့။
ဟိုအရင်က လုပ်နေတဲ့ .. အခုလုပ်နေဆဲဖြစ်တဲ့ … မီဂါဝပ် ဘယ်လောက်ဘယ်လောက် ထွက်ပါတယ်လို့ သူတို့ပြောတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကိုကျတော့ အိမ်နီးချင်းနိုင်ငံတွေကို ရောင်းစား …
နိုင်ငံခြားက ကျောက်မီးသွေး တင်သွင်းပြီး လျှပ်စစ်ထုတ်မယ်လည်း ပြောလားပြောရဲ့ …
ရွှေဥာဏ်တော် စူးရောက်ချက်များ ပြောပါတယ် …
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment