မကြာသေးခင်ကမှ ထောင်က ပြန်လွတ်လာတဲ့ လူငယ်ရှေ့နေ ကိုဖိုးဖြူရဲ့ ရွေးကောက်ပွဲနဲ့ NLD အပေါ် အမြင်
“ယခင် ရွေးကောက်ပွဲ ဥပဒေ ရလဒ်တွေကို ဘာအကြောင်းပြချက်မှ မရှိ၊ အကောင်အထည် မဖော်ပဲနဲ့ ယခု ဥပဒေတွေနဲ့ ဖျက်သိမ်းတာဟာ ဥပဒေ ပြဌာန်းမှု ရှေ့နောက် ညီညွတ်တယ်လို့ မဆိုနိုင်ပါဘူး။ NLD ဟာ အတိုက်အခံ မလုပ်နဲ့အုံး လူထု စည်းရုံးရေး မလုပ်နဲ့အုံး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး သဘောထား ထုတ်ပြန်ရုံနဲ့တင် နိုင်ငံတကာက ဆုံးဖြတ်နေရတယ်။ နိုင်ငံရေးဖြစ်ပါတယ်၊ ဒါဟာ နိုင်ငံတကာ ဥပဒေ၊ ဥပဓိရုပ် ရှိလို့ပါပဲ။ NLDဟာ ကိုယ်ရဲ့ ဥပဒေ ဥပဓိရုပ်ကို ဆုပ်ကိုင်ထားနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ မှတ်ပုံ မတင်ခြင်းအားဖြင့် ဆုပ်ကိုင်ထားလို့ရနိုင်ပါတယ်။”
“နိုင်ငံ တနိုင်ငံရဲ့ အင်္ဂါ ပြည့်စုံဖို့အတွက်ဆိုရင် သတ်မှတ်နယ်မြေရှိရမယ်၊ အမြဲနေထိုင်တဲ့ လူဦးရေ ရှိရမယ်၊ ၃ အချက်ကတော့ အစိုးရနဲ့ အချုပ်အခြာအာဏာရှိရမယ်၊ ၄ အချက်ကို ပြောပါမယ်။ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ဆက်သွယ် ဆက်ဆံနိုင်တဲ့ အရည်အချင်းဖြစ်ပါတယ်။ NLD ဟာ မှတ်ပုံမတင်ပဲ နိုင်ငံတကာ ဥပဒေ ဥပဓိရုပ်ကို စွန့်ပယ်ထားနိုင်မယ်ဆိုရင် တရားမျတမှုကို ရပ်တည်ရာလည်း ရောက်သလို ဒီရွေးကောက်ပွဲကနေ တဆင့်တက်လာမယ့်အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံနိုင်တဲ့ အရည်အချင်းကိုလည်း ရင့်ကျက်ပြီးသား ဖြစ်ပါမယ်။”
“တရားမျှတအောင် အများသူငါ ပါဝင်လာအောင် ဘယ်နိုင်ငံသားမဆို လွတ်လပ်စွာ ရွေးကောက်တင်မြောက်ခွင့်နဲ့ တင်မြောက်ခွင့်ကို ကျင့်သုံးနိုင်တဲ့ ဥပဒေ ဖြစ်မှသာလျင် ကျနော်တို့ ရွေးကောက်ပွဲ ဝင်သင့်ပါတယ်၊ မှတ်ပုံတင်သင့်ပါတယ်။ ဒီလို တရားမျှတတဲ့ ဥပဒေတရပ်ကို ဖြစ်ပေါ်ထွန်းကားလာခြင်း မရှိသေးသ၍ ကျနော်တို့ပါဝင်တာဟာ NLD မှာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပြည်သူက ရွေးကောက်တင်မြောက်ထားပါတယ်ဆိုတဲ့ မန်းဒိတ် ရရှိထားတဲ့ နိုင်ငံတကာ ဥပဒေ ဥပဓိရုပ် အဆင့်အတန်းကို ယုတ်လျော့သွားစေနိုင်တယ်၊ ကျဆင်းသွားစေနိုင်တယ်။”
“အကယ်၍ ပါတီထဲကနေ ဝင်မယ်ဆိုရင်လည်း ဝင်မယ့်သူက ကိုယ့်ဟာကိုယ် ထွက်ပြီးတော့မှ ရွေးကောက်ပွဲ ဝင်သင့်ပါတယ်။ NLD ပါတီနဲ့ NLD ပါတီရဲ့ ဥပဒေ ဥပဓိရုပ်အပါအဝင် ဆိုင်းဘုတ်ကို ယူမသုံးသင့်ပါဘူးလို့ ကျနော်ဟာ ပြည်သူတယောက်အနေနဲ့ရော ဥပဒေ ပညာသည်တယောက်အနေနဲ့ရော ကျနော်ဒီလိုမြင်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ရှုထောင့်အရလည်း လူသားတွေရဲ့ လွတ်လပ်ခွင့်၊ နိုင်ငံရေး လွတ်လပ်ခွင့်ကို မျဉ်းကြပ်ထားတဲ့ ဥပဒေပေါ်မှာ လက်မခံနိုင်တဲ့အတွက် ကျနော်တို့ ဒီလိုမြင်ရတာ ဖြစ်ပါတယ်။”
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment