-->

Monday, March 29, 2010

NLD မှတ်ပုံမတင်တော့ဘူး

ပါတီ မှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးတွေနဲ့ ပတ်သက်ပြီး ဒီနေ့ ရွှေဂုံတိုင်က ရုံးချုပ်မှာ စည်းဝေးလုပ်တာ ပြီးသွားပါပြီ။

ပြည်နယ်နဲ့ တိုင်း ကိုယ်စားလှယ်တွေက မှတ်ပုံမတင်ဖို့ အဆိုတင်သွင်းကြပြီး ဘာကြောင့် မှတ်ပုံ မတင်သင့်ဘူးဆိုတာတွေကို တင်ပြဆွေးနွေးတယ်လို့ ကြားသိရပါတယ်။

ပြည်နယ်နဲ့ တိုင်းကိုယ်စားလှယ်တွေ တင်ပြပြီးတဲ့ နောက်ဆုံးမှာတော့ စီအီးစီ ဆုံးဖြတ်ချက်အရ မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ချက် ကျသွားပါတယ်။

ရှေ့ဆက် ပါတီမရှိရင်လည်းပဲ ကိုယ်ယုံကြည်ရာအတွက် တိုက်ပွဲဆက်ဝင်သွားမယ်လို့ သိရပါတယ်။

အခု အချိန်မှာ ရုံးရှေ့မှာ အားလုံးလက်ခုပ်တီးပြီး ထွက်လာသူတွေကို ကြိုဆိုနေပါတယ်။

တညီတညွတ်တည်း တနေ့တည်းပြီး ဆုံးဖြတ်နိုင်လိုက်ပါပြီ။

လေးစားပါတယ် NLD


အညာနွေတမာမြေ

1 comment:

ဖြိုးအောင် said...

တကယ့်ကို လှိုက်လှိုက်လှဲလှဲ ၀မ်းသာမိကြောင်းပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLDပါတီအဖွဲ့ဝင် အားလုံးကို လေးစားချီးကျူးပါတယ်ခင်ဗျာ။
မဟုတ်မတရားတာကို ခေါင်းငုံ့မခံပဲ အန္တရယ် မျိုးစုံကြားက ခေါင်းမော့ရင်ကော့ထားတဲ့ နမူနာယူရမဲ့ ပါတီတခုလို့ တွေးမိ လေးစားမိတယ်။