ဆက်လက်မှတ်ပုံတင်ခြင်းမပြုရန်၊ တညီတညွတ်တည်းဆုံးဖြတ်ပြီးနောက်နယ်မှဗဟိုဦးစီးအဖွဲ့ များ၊ ကိုယ့်နေရင်းဒေသများသို့ ပြန်ကြပြီဖြစ်သော်လည်း၊ NLDရုံးချုပ်တွင်ယခင်ကထက်ပင်စည်ကား လျက်ရှိနေသည်ဟုသိရပါသည်။ရောက်လာသမျှသောအဖွဲ့ ဝင်များဧ။်ရင်ထဲတွင်ဘယ်လိုဆက်လုပ်ကြ ရမှာလဲဟူသောမေးခွန်းကရှိနေမည်မှာ မလွဲပါ။ မတ်လ၃၀ရက်နေ့ မှ စရ်ူနေ့ စဉ်အဆက်မပြတ်လာ ရောက်နေကြသောနိုင်ငံခြားသံတမန်များကလည်းဤမေးခွန်းကိုပင်မေးကြသည်ဟုဆိုပါသည်။ ဤမေးခွန်းကို ဖြေရန်မကြိုးစားမီအခုရောဘယ်လိုလုပ်နေကြသလဲဟုဆန်းစစ်ရန်လိုသည်ဟုထင်ပါ သည်။
ဒီပဲယင်းလုပ်ကြံမှုနောက်၂၀၀၄ ဧပြီလတွင် ဗဟိုအဖွဲ့ ချုပ်ရုံးကိုဖွင့်ပြီးကတည်းက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ မကွေးတိုင်း/ပြည်နယ်စည်းအားလုံးတို့ သည်ရုံးချုပ်မှာသာရုံးထိုင် အစည်းအဝေးလုပ်နေခဲ့ကြသည်မှာယနေ့ နောက်ဆုံးအခြေအနေအထိပင်ဖြစ်ပါသည်။ ကျန်တိုင်း/ ပြည်နယ်စည်းအားလုံးတွင်လည်းမန္တလေးတိုင်းစည်းတစ်ခုတည်းသာပုံမှန်နီးပါးမှီခိုကင်းစွာလှုပ်ရှား နိုင်ပါတော့သည်။မြို့ နယ်စည်းများမှာလည်းဆက်သွယ်ရေးအဖွဲ့ သာသာလောက်သာရှိပါတော့သည်။ နိုင်ငံရေးလှုပ်ရှားမှုကိုထား၍အခန်းအနား၊ဟောပြောပွဲ၊ဆွေးနွေးပွဲများကို မလုပ်နိုင်သည့်အပြင် အဖွဲ့  ချုပ်ဧ။်တရားဝင်စာရွက်စာတမ်းများပင်ပုံမှန်လက်ကမ်းရန်မတတ်နိုင်ကြပါ။ ဤသို့ ဆိုလိုက်၍ဒီပဲယင်း လုပ်ကြံမှုပြီးကတည်းကအခုအချိန်ထိခုနှစ်နှစ်ကာလအတွင်းNLDတွေဖြစ်ဖြစ်မြောက်မြောက်ဘာမှမ လုပ်ခဲ့ဟုဆိုလျှင်မှားပါလိမ့်မည်။
အပြင်းအထန်ဖိနှိပ်နေသည့်ကြားမှပင်၊ signature campaign တွေ၊ဆုတောင်းပွဲတွေ၊ အခန်း အနားတွေလုပ်ခဲ့ကြပါသည်။အဓမ္မလုပ်အားပေးကိစ္စ၊ကလေးစစ်သားကိစ္စများတွင်လည်းယနေ့ တိုင် တက်ကြွစွာလုပ်နေခဲ့ကြပါသည်။၂၀၀၇ရွှေဝါရောင်တော်လှန်ရေး စလယ်ဆုံး ကာလသုံးပါးလုံးတွင် အဖွဲ့ ချုပ်အဖွဲ့ ဝင်များကပါဝင်လှုပ်ရှားရန်ခေါင်းဆောင်ရန်နောက်မကျခဲ့ကြပါ။အများဆုံးအဖမ်းအဆီးခံ ခဲ့ကြသူများမှာလည်း NLD အဖွဲ့ ဝင်များသာဖြစ်ပါသည်။ သို့ သော် ထိုသို့ လှုံဆော်လှုပ်ရှားပါဝင်ခေါင်း ဆောင်ခဲ့ကြသူများမှာ အဖွဲ့ ချုပ်ဧ။်ပုံမှန်ဖွဲ့ စည်းပုံယန္တယားနှင့်ကင်းလွတ်ပြီးလုပ်ခဲ့ကြခြင်းဖြစ်ပါသည်။ အချို့ ကအဖွဲ့ ချုပ်ဗဟိုက မသိအောင်လှုပ်ရှုားခဲ့ခြင်းဖြစ်ပြီး၊ အချို့ က အဖွဲ့ ချုပ်ညွှန်ကြားချက်များကို ချိုးဖောက်ပြီးဗြောင်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။အားလုံးသိပြီးကိစ္စဖြစ်နေ၍ ဥပမာတွေနမူနာတွေ ပေးနေရန်မလိုပါ။ NLDဧ။်နိုင်ငံတကာအသိုက်အ၀န်းဧ။်ကြားမှအနေအထားကိုကြည့်လျှင်လည်းထို နည်းတူစွာပင်ဖြစ်ပါသည်။အဖွဲ့ ချုပ်ဗဟိုအနေနှင့်ပြည်ပဒီမိုကရေစီအင်အားစုများကို မဆိုထားဘိ၊ ကုလသမဂ္ဂနှင့်ပင်ပုန်းကွယ်၍ဆက်သွယ်ဆက်ဆံခဲ့ရပါသည်။ပြင်ပမှာစည်းရုံးလှုပ်ရှားနေရသောသူ များသာမက၊ ရန်ကုန်ရှိသံတမန်များထဲမှာပင် အဖွဲ့ ချုပ်ဧ။်သဘောထားတစ်စုံတရာကိုသိလိုလျှင်၊ဘယ် သူ့ ကိုမေးရမှန်းမသိ၊ ဘယ်လိုဆက်သွယ်ရမှန်းမသိဖြစ်နေသည်မှာအားလုံးအသိပင်ဖြစ်ပါသည်။ထို့  ကြောင့်လွန်ခဲ့သောဒီပဲယင်းလွန်ကာလအတွင်းကအဖြစ်အပျက်များကိုပြန်လည်သုံးသပ်လျှင်အဖွဲ့ ချုပ် ဧ။်ပုံမှန်ဖွဲ့ စည်းပုံသည်အသွင်ပျက်နေသည့်အပြင်အရေးဟယ်၊အကြောင်းဟယ်ဆိုလျှင်အသုံးမကျ၊ အဖွဲ့ ဝင်တစ်ဦးခြင်းသို့ မဟုတ်နီးစပ်ရာစုစည်းထားသော ပုံမှန်မဟုတ်သောအဖွဲ့ အစည်းများဧ။်စွမ်း ဆောင်ရည်နှင့်သာလှုပ်ရှားခဲ့ရသည်ဟုမြင်နိုင်ပါသည်။ထို့ ပြင် အဖွဲ့ ချုပ်ဧ။်တရားဝင်ရပ်တည်မူဆို သည်ကလည်းတကယ်ဖြစ်လာပြီဆိုပါကဘာမှအကာအကွယ်မပေးနိုင်သည်ကို၊ ဘိုကလေးမြို့ က အ ဖွဲ့ ချုပ်ဆိုင်းဘုတ်ကိုအတင်းဆွဲချခံခဲ့ရခြင်းကပြနေပါသည်။
ထိုမျှသာမကပါ၊ အခြေအနေနှင့်မကိုက်ညီတော့သည့်ထိုအသွင်ပျက်ဖွဲ့ စည်းပုံအပိုင်းအစများ အတွင်းမှာပင်လူနှင့်နေရာလျော်ညီမှုရှိမရှိကလည်းသံသယဖြစ်စရာကောင်းပါသည်။ဒေါ်အောင်ဆန်းစု ကြည်ပြီးလျှင်လူသိအများဆုံးဟုဆိုရမည့်စုစုနွေးသည်သာမာန်အဖွဲ့ ဝင်ဘ၀မှဘယ်လိုမြင့်တက်မလာ ယုံမကအဖွဲ့ ချုပ်ထဲမှထုတ်ပစ်ဖို့ လုပ်ခြင်းကိုအကြိမ်ကြိမ်ခံခဲ့ရသည်မှာလည်း အများအသိပင်ဖြစ်ပါ သည်။ထိုထိုသောအကြောင်းများကြောင့်အဖွဲ့ ချုပ်ဧ။်ခေါင်းဆောင်မှုအခန်းကဏ္ဍဆိုသည်မှာ၊တကယ့် အခြေအနေများတွင်ဘယ်ရောက်နေမှန်းမသိဖြစ်ရသည်မှာမဆန်းလှပါ။
အဖွဲ့ ချုပ်လက်ရှိဖွဲ့ စည်းတည်ဆောက်ပုံအနေအထားဧ။်ထိရောက်မူမရှိခြင်းကို vote no campaignကိုကြည့်လျှင်သိသာပါသည်။ ဆန္ဒခံယူပွဲကျင်းပသည့်အချိန်တွင်ရွှေဝါရောင်တော်လှန်ရေး ပြီး၍ ရှစ်လမပြည့်သေးပါ။တစ်နိုင်ငံလုံးရှိပြည်သူလူထုကလည်းမတရားလုပ်နေမှန်းသိပါသည်။သို့  လျက်နဲ့ ပင် vote no campaign သည်လိုအပ်သောအရှိန်အဟုန်ကိုမရောက်ခဲ့ပါ။အပေါ်ကအောက်ကို ခိုင်း၊အောက်က အပေါ်မှခေါင်းဆောင်ပြီးလာလုပ်ပါဟုဆိုရင်းနှင့်ပြီးသွားခဲ့ပါသည်။အဖွဲ့ အစည်းဧ။်လှုပ် ရှားမှုအသွင်ဖြင့်စခဲ့သော်လည်း၊ တစ်ဦးခြင်းစွမ်းဆောင်နိုင်မှုအပေါ်မှာမူတည်၍သာအောင်မြင်မှုအချို့ ကိုရခဲ့ပါသည်။
ရွှေဝါရောင်တော်လှန်ရေးကာလက၊ အဖွဲ့ ချုပ်အဖွဲ့ ဝင်များသည်။ဗဟိုဧ။်သဘောထားကိုစောင့် မနေပဲမိမိတို့ ယုံကြည်ရာကိုယုံကြည်ချက်တူရာကျန်ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ မိမိတို့ ကိုအားပေး နေသောပြည်သူများနှင့်အခြေအနေအရလိုအပ်သလိုပူးပေါင်းညှိနှိုင်းပြီးလှုပ်ရှားခဲ့ကြပါသည်။အဖွဲ့ ချုပ် အဖွဲ့ ဝင်တို့ကလည်းလိုအပ်လျှင်အပြင်လူတို့ ဧ။်ခေါင်းဆောင်မူနောက်တွင်လိုက်ရန်ဝန်မလေးခဲ့ကြ သောကြောင့်၊တလကျော်ကျော်အချိန်တိုလေးအတွင်းတွင်နိုင်ငံရေးပရောဟိတ်အားလုံးလောက်က မဖြစ်နိုင်တော့ပါဟုဟောထားသောအုံကြွမှုတရပ်ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါသည်။ ထိုအုံကြွမှုကို လည်းဘယ်သူကမှစည်းရုံးမထားသောလူငယ်လေးများကနည်းပညာသစ်များကိုသုံး၍အာဏာပိုင်များ ဆက်သွယ်ရေးလမ်းကြောင်းများမှတဆင့်ကမ္ဘာကိုသိစေခဲ့ပါသည်။
ထိုအချက်များကိုကြည့်၍ဘယ်လိုဆက်လုပ်ကြမလဲဟူသောမေးခွန်းကိုဖြေရပါလျှင်အရင်အ ရေးအကြောင်းရှိရင်၊ လုပ်နေကြအတိုင်းလုပ်ကြတာပေါ့ဟုဖြေချင်ပါသည်။အတိအကျပြောပါ ဆိုလျှင် တော့
(က)အဖွဲ့ ချုပ်စထောင်ကတည်းကရှိခဲ့သောအထက်အောက်ဆက်ဆံရေး vertical (သို့ ) hierarchial organizational model (သို့ ) ပိရမစ်ပုံစံဖွဲ့ စည်းပုံ (သို့ ) Max Weber ဧ။် bureaucratic model ကိုနှမြောမနေပါနှင့် ထိုပုံစံသည်ပုံပျက်နေပြီဖြစ်သည့်အပြင်အသုံးမတည့်တော့ပါ၊ ၀ဲပစ်လိုက်စမ်းပါ။
(ခ)အကြောဆုံချက်(node) နှင့်ချိတ်ဆက်(link) များကိုအခြေခံသောကွန်ယက် (Network organization) ကိုတပြေးညီဆက်သွယ်ရေး(horizontal) ပုံစံဖြစ်အောင်အဖွဲ့ ချုပ်တွင်လက်ရှိကျန်နေ သူများနှင့်ပြန်လည်ဖွဲ့ စည်းပါ။မှတ်ပုံတင်ရန်မလိုပါ။တရားလဲဝင်ပါသည်။
(ဂ)အဖွဲ့ ထဲက လက်ရှိများသာမက၊ထွက်ထားသူ၊ ထုတ်ထားသူ၊ အပြင်ကလှုပ်ရှားသူအားပေး သူ၊ ယုံရသူ၊ မယုံရသူ၊စသည့်နယ်စည်းခြားနားခြင်းများကိုလျော့ပြီးဒီမိုကရေစီရေးလှုပ်ရှားသူများ(ဒီ/ လှုပ်)နှင့်စိတ်ဝင်စားသူအားပေးသူအားလုံးဆက်သွယ်ရေးလမ်းကြောင်း (communication links) များဖွင့်ပါ၊မိမိကွန်ယက်(network)နှင့်ချိတ်ဆက်ပါ၊ ဆက်သွယ်ရန်နည်းမျိုးစုံကိုသုံးပါ။
(ဃ)ထို့ နောက်တွင် node တစ်ခုစီက မိမိတို့ ယုံကြည်ရာကို မိမိတို့ ဘာသာအမှီအခိုကင်း စွာဆောင်ရွက်နိုင်ပါသည်(သို့ )အဆက်အသွယ်ရှိသောအခြား node များနှင့်ညှိနှိုင်းပူးပေါင်း၍ synchronize(တပြေးညီ)လှုပ်ရှားမှုလုပ်ပါ။
(င)တပြည်လုံး၏network အားလုံး၏ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု ခံယူထားပါ။ node များတွင် အပေါ်/အောက်ဟူ၍မရှိသော်လည်းဗဟိုနှင့်အဝန်းဒေသ (center and pheripheral) ဟူ၍ရှိမည်ဖြစ်ပါသည်။
စေတနာဖြင့် ရန်ငြိမ်းအောင်(လူငယ်)
Rest of your post
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment