မကြာတော့။
ဤနေ့မှဆိုလျှင် ၁၀ ရက်ဘဲ ရှိတော့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ပိတ်ရတော့မည်လား မပြောတတ်။ တခုတော့ရှိသည်။ ဆိုင်းဘုတ်ကိုမဖြုတ်ဟု ဆိုလိုက်ရုံနှင့် ဤကိစ္စကမပြီး။ ကိုယ်ကမဖြုတ်ချလျှင် သူကအမှိုက်ပုံထဲ လွှင့်ပစ်မှာ သေချာသည်။ သည်တော့ ဒါကိုစဉ်းစား။ ခက်နေသည်က ဆိုင်းဘုတ်ကိုမဖြုတ်ချခြင်းသည် အာခံရုံသက်သက်ထက် အခြားဘာမျှမရှိ။ ကောင်းပြီ။ ခုအချိန်ကအာခံမဲ့အချိန်မဟုတ်။ နိုငံရေးလုပ်ပြရမည့်အချိန်။
လူမူအထောက်အကူပြုလုပ်ငန်းတွေ ဘာမျှလုပ်စရာမလို။ ပြည်သူ့ဂုဏ်ရည်ဆုကို အနှစ်နှစ်ဆယ်တိုင်တိုင် ပြည်သူ့ကြားမှာ ရုန်းကန်လှုပ်ရှားခဲ့သော ရုပ်ရှင်သရုပ်ဆောင်ကျော်သူက ရရှိသွားပြီ ။သူ့အလုပ်ကို ၀င်လုပ်စရာတောင်မလိုတော့။ မဖြူဖြူသင်းအလုပ်ကိုလည်း ကြားမှနေပြီး ဆောင်ရွက်စရာမလို။ ပြောချင်သည်မှာ နိုင်ငံရေးပါတီမို့ နိုင်ငံရေးအလုပ်တွေကို လုပ်စေချင်ခြင်းဘဲဖြစ်သည်။
တနေ့က ပြည်တွင်းမှ ထင်ရှားသောတိုင်းရင်းသား နိုင်ငံရေးသမားတဦးနှင့် ဆွေးနွေးဖြစ်သည်။ သူကပြည်တွင်းက ဆွေးနွေးခြင်းမို့ ပြည်ပကကျွန်တော်တို့ထက် ပြောရဲပါ့မလားဟု ထင်စရာ။ သို့သော် အထင်နှင့်အမြင် တက်တက်စင်လွှဲသည်။ ဆွေးနွေးဖြစ်သည့်အကြောင်းအရာတွေထဲမှာ NLD ၊ SNLD၊ ALD ကိစ္စတွေ ။ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ၊နိုငံတကာထောက်ခံမှူစသည့်အကြောင်းအရာတွေပါသည်။ NLD မှတ်ပုံမတင်တော့ ရှေ့ဆက်နိုင်ငံရေးလုပ်ငန်းစဉ်များကို တော်တော်ကြီးဆွေးနွေးဖြစ်သည်။
ယခုတောင် မှတ်ပုံမတင်မဲ့ အခြေအနေရောက်အောင် တော်တော်ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။ အခြားသောပါတီများမှ NLD ခြေလှမ်းကိုဘဲ စောင့်ကြည့်နေရုံသာရှိသည်ဟု ဆိုသည်။ စင်ပြိုင်အစိုးရကိစ္စနှင့် ပါတ်သက်၍ ဆွေးနွေးဖြစ်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် NLD ရုံးမပိတ်ခင် လူစုတုံးဖွဲ့လျှင် မရနိုင်ပေဘူးလား စသည်ဖြင့် ဆွေးနွေးကြည့်သည်။ အကယ်၍ NLD မှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးခန့်မျှ နာမည်စာရင်းရရင်တောင် ပွဲကပြတ်သည်။ SNLD ၊ALD ကမူ သူတို့ဘက်က ထာဝရ အဆင်သင့်ရှိသည်ဟု ဆိုသည်။ ယင်းမှာအားတက်စရာတခုမြင်မိသည်။ သည်တော့ စဉ်းစားကြမှ။ တခုခုတော့ရှိသည်။ သူတို့အတွက် ဘာလုပ်ပေးရမှာနည်း။
မည်သို့ပင်ဆိုစေ ပြည်သူတွေက ပြည်သူ့အစိုးရဖွဲ့စည်းရေးကို တောင်းဆိုနေကြပြီ။ လှုပ်ရှားနေကြပြီ။ သည်တော့ နိုငံရေးပါတီများ ဘာလုပ်ကြမည်နည်း။ မေးခွန်းတွေတသီကြီး ထွက်လာသည်။ ကျွန်တော်တို့က ရေဒီယိုကတမျိုး၊ အင်တာနတ်ကတဖုံ၊ ပြောနေကြသည်။ရေးနေကြသည်။ ရန်သူကသိသွားသည်၊ မသိသေး ဆိုသည်ကို မစဉ်းစား။ စိတ်ထဲရှိသမျှ ဖေါက်သည်ချ ရေးလိုက်ကြ ဆွေးနွေးကြနှင့် လက်ကသွက်နေဖြစ်သည်။ နောက်တော့ ဘလော့တွေမှာ ရန်သူတွေက ၀င်ရောက် ကြည့်နေမှန်း သိလာရတော့ ငြိမ်ထားဖြစ်ကြသည်။ အကြောင်းမှာ စစ်အစိုးရက တင်ကူးကာကွယ်မူများကို ရရှိသွားခြင်းကြောင့်ဖြစ်သည်။
စင်စစ်အားဖြင့် မေလ ၄ ရက်နေ့မှာ လူတွေစုံမည့်နေ့ ဖြစ်သည်။ ယင်းနေ့မှာ ဆွမ်းလောင်းမည့်အမျိုးသမီးတွေ ရှိနေသည်။ ရဟန်းသင်္ဃာတော်တွေ ရှိနေသည်။ အဖွဲ့ချုပ်ရုံးတွင်းမှာ နောက်ဆုံးနုတ်ဆက်ပွဲ တခုမှာ လူတွေစုံနေသည်။
ဤနေ့ပြီးလျှင် ဤလူတွေ တော်တော်နှင့် မဆုံဖြစ်ကြတော့။ ယင်းမာပင်မှာလမ်းခွဲကြမည်ကဲ့သို
ပြည်တွင်းကလူများကိုချည်း ညံ့လွန်းသည်ဟု မပြောချင်။ ပြည်ပမှ ကျွန်တော်တို့၏ အတိုက်အခံအဖွဲ့အစည်း တနည်းအားဖြင့် အဝေးရောက်အစိုးရဆိုသည်ကစ၍ ပါးမားအဖွဲ့အထိ ပြောစရာတွေ တပုံတခေါင်းရှိနေသည်။ အမျိုးသားကောင်စီက ကုလသမဂ္ဂမှ ဖယ်ရှားပြီး အသိအမှတ်မပြုပါနှင့် လုပ်တော့ အဝေးရောက်အစိုးရက မပူးပေါင်း။ ထားပါတော့။ ပြောလျှင် ဖြေရှင်းချက်တွေ ပေးအုံးမည်မို့ လျှောက်မရေးတော့ပါ။ တခုတော့ရှိသည်။ နိုင်တကာအစိုးရတွေက ၂၀၁၀ေ၇ွးကောက်ပွဲကို အသိအမှတ်မပြုပါဟု ပြောနေသည်။ ခက်နေသည်က နိုငံရေးအကျဉ်းသားတွေ မပါ၍ ၊တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် မပါဝင်၍ ယင်းသို့ အသိအမှတ်မပြုဟု ပြောဆိုနေခြင်းဖြစ်သည်။
ကျွန်တော်တို့တောင်းဆိုနေသည်မှာ ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရေးမဟုတ်။ မည်သို့ပင်ဆိုစေ စစ်အစိုးရက ခေါင်းမာသည့်သူများမို့ ၂၀၁၀ေ၇ွးကောက်ပွဲကို လုပ်သွားမှာ သေချာသည်။ ဆိုတော့ နိုင်ငံတကာအစိုးရများနှင့် စကားပြောစရာရှိတော့သည်။ သည်တခါ ရှင်းရှင်းလင်းလင်း ပြောစရာစကားတခွန်းသာ ရှိသည်။ စစ်အစိုးရက ပြုလုပ်သောရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် အစိုးရကို အသိအမှတ်မပြုလျှင် မည်သည့်အစိုးရကို အသိအမှတ်ပြုမည်နည်း။
ပြည်တွင်းမှ နိုင်ငံရေးပါတီမျှားမှ မမေးရဲ။ ပြည်ပမှနို်င်ငံရေးပါတီများမှ ပုဂ္ဂိုလ်များက မေးနိုင်ပါလျှက်ကယ်နှင့် မမေးကြသေး၊ ထို့ကြောင့် ကျွန်တော်ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေသည်။ ကျွန်တော့်ကို ကျွန်တော်ဘ၀င်ကျမိသည်။ လက်တွေ့တွင် မြန်မာနိုင်ငံ၌ စင်ပြိုင်အစိုးရကို အသိအမှတ်ပြုသော နိုင်ငံကို ကျွန်တော် ရှာတွေ့သွားသည်။ စင်ပြိုင်အစိုးရဟု ကြေညာသည်နှင့် ထောက်ခံအသိအမှတ်ပြုပါမည်ဟု ပြောဆိုသော နိုင်ငံများကို လက်လှမ်းမှီစွာ ရှာဖွေတွေ့ရှိခြင်းကြောင့် စိတ်မှာ မပင်ပမ်းခဲ့။ အကြောင်းမှာ စစ်အစိုးရကို ဖြုတ်ချချင်သောစိတ်မှာ ကျွန်တော့်၏ ထာဝစဉ်ကိန်းအောင်းနေသော စိတ်ဖြစ်သည်။ တချိန်ထဲမှာ ကျွန်တော်၏နို်င်ငံရေးရဲဘော်မျ
သူတို့ကိုလည်း စိတ်ချမ်းသာစေချင်၍ဖြစ်သည်။
စင်စစ်ပြည်တွင်းမှ နိုင်ငံရေးပါတီများက ကျွန်တော်တို့၏ အာမခံချက်စကားကို စောင့်ဆိုင်းနေကြသည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးကြံ
မနေ့တနေ့ကဘဲထင်သည်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်
သည်တော့ နိုင်ငံတကာကို တွက်ကြည့်။ မည်သူကထောက်ခံပေးလျှင် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းသွားနိုင်မည်နည်း။ ပါးစပ်ပြော ထောက်ခံပေးမည့်သူကို မစဉ်းစားနှင့်။ ကြာခဲ့သောနှစ်တွေရဲ့  အတိတ်က အရသာတွေ ခါးတူးနေလွန်းပြီ။ မျိုမချလောက်အောင်ကို ဖြစ်နေမိပြီ။ သည်တော့ ကိုယ့်ကိုယ်ကို သမင်လည်ပြန်ကြည့်သည်။ တောင်ပံများကျိုးနေသလား။ ခေါင်းများပွင့်နေသလား။ ခြေထောက်များကျိုးနေသလား။ နောက်ကြောများ ဒါးထိုးခံထားရသလား။ ရင်ဝများဒါးစိုက်နေသလား။ ဘေးမှနေ၍ တတောင်များအတွက် ခံနေရသလား။ ရှိစေတော့။ နှစ်ကလည်းကြာလှခဲ့ပြီမို့ သံခမောက်တောင် ဆောင်းမိနေမှတော့ အရာရာတိုင်းကဖြင့် ပါးပါးလေး။
ပြည်တွင်းကလူတွေကတော့ အထင်ကြီးလိုက်သလား မပြောတတ်။ ပြန်လှန်၍တောင် စကားကို ဘုဘောက် မပြောရဲ။ ပြည်ပကလူဆိုတော့ ဘာမှန်းမသိ ညာမှန်းမသိ တုန်နေသည်ကိုတော့ သတိထားမိသည်။ သည်တော့ ရှက်ပြီးပြုံးနေခြင်းကို ပြည်တွင်းကလူများအား သိစေချင်သည်။ ကျွန်တော်တို့က ဘာကောင်မှမဟုတ်ကြောင်း။
ပိသာလေးနှင့်ထုပြီး တခါတခါ ပြောမိမှာကိုလည်း သတိထားရသည်။ အကြောင်းမှာ ပြည်တွင်းကလူတွေကို ဟိုဟာလုပ်။ဒီဟာလုပ် ဆိုသော စကားသံလေးတွေကို ပေးမိမှာ စိုးနေမိသည်။ စေတနာဖြင့် ဖြစ်စေချင်သော ဆန္ဒဖြင့်ဆိုတော့လည်း ဆရာကြီးလုပ်မိသွားမှဖြင့် သေပြီ။ မည်သည့်အရာမျှ အကောင်အထည် မပေါ်သမျှတော့ ပြသနာ၊ အယုံအကြည်ပျက်သွားနိုင်သည်။ ထို့ကြောင့် ပြည်တွင်းမှ ထင်ရှားသော နိုင်ငံရေးသမားများနှင့် ဆွေးနွေးသောအခါ သူတို့၏ အခြေအနေကို နားလည်ကြောင်းပြောထားရသည်။ ထို့ကြောင့်လည်း သူတို့၏နိုင်ငံရေးအကျပ်အတည်းကို ဤသို့မြင်သည်ဟု ဆွေးနွေးမိသည်။ မှန်ပါသည်။ ဤမျှကြပ်တည်းနေသော နိုင်ငံရေးအခြေအနေမှာ ကမ္ဘာပေါ်၌ ဒီမိုကရေစီနိုင်ငံက ဒီမိုကရေစီဖြစ်ချင်သောနိုင်ငံကိ
အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အစိုးရအား အသိအမှတ်မပြုဟု ပြောနေသော နိုင်ငံများကို တွေ့ရှိနေကြပြီဖြစ်သည်ဟု ဆိုလျှင် သူတို့နှင့် ကျွန်တော်တို့ တွေ့ဆုံရန် အခုအချိန်မှာအလွန်အရေးကြီးနေသည်
အစိုးရလုပ်တပ်ဖို့လိုသည် ။တနည်းအားဖြင့် အာမခံချက်ဆိုသော ဂတိခံဝန်ချက်တခုခုကို လက်ဆောင်ပေးဖို့ သက်လုံကောင်းကောင်းရှိနေသောသူမျ
ခိုင်အောင်ကျော် ( နယူးယောက်)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment