ဖုန်ထူ ခြင်ပေါ
အပူဒဏ် ကို
အမည် ခံ မန်းသူတို့ အာခံ
လက်ဗလာ ကျောပြောင်
လည်ဟိုက်လို့ အထည်ပါး
လာထားဟဲ့ ငတို့ဆိုင်ကို ...
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
ဖွင့်ထားကွ မြန်မာ Rum
ဘယ်သူမှ မဖျက်
တို့ ကိုယ်တိုင် ဖျက် မယ်
စားဝိုင်းထိုင် သူငယ်မတွေ
စွဲကြစေ ဒီအရက် ...
ဝိသမ လောဘ နဲ့
နေ့အခါ ငွေရှာ
ညမယ် တွေချွေလော့
သားသည်အမေ
မျက်ရည်တွေတွေကျတော့
နေပါစေ …
နောက်လင် ချွေးသိပ်လိမ့်မယ်။
အထက်တန်း ကျောင်းသားက ဆေးမျို
တံတားပေါ်က ကျောင်းသူက ထန်းရည်မူး
K.T.V မယ်က Rumမူး
တဏှာရူးဦးဦး တို့ပျော်တဲ့
မန္တလေးက နာတာလူးပွဲ …
ကမ္ဘာက တကယ့်ရွာကြီးပါဘဲ ...
ခေတ်သစ်ညတွေ စိုစို
ပုရိသတို့ စိတ်တွေက နုပျို
ကလေးမတွေက အထာပို
လိုသမျှ
မန္တလေးမှာ ရှိတယ် ...
ကဲ ...
မိခင်လောင်းတွေ သံချေးတက်
ဈေးပျက်နေလေရဲ့။
ရာဇဝင်ထဲက ရတနာပုံက
၂၁ ရာစု မန္တလေး ကို စိတ်ပျက်
မြို့တော်သစ်ဆီသို့ ...
ဆောင်ပုဒ်ကနေ
ဖဲ့ထွက်လို့လည်းမရ
အသက် ၁၅၀ ပြည့်ကာမှ
လိမ်ပိန်ပိန် ယဉ်ကျေးမှုကို
ဘယ်လို ထိန်း ရပါ့
ကြားကြား သမျှ ...
မီမီ
Thursday, April 29, 2010
"၂၁ ရာစု မန္တလေး"
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment