-->

Sunday, April 11, 2010

ငြိမ်ခံနေရင် အမြဲရှုံး



ဒီပုံကိုကြည့်လိုက်ပါ အပေါင်းသင်းတို့ရေ ဗီယက်နမ် မြန်မာသံရုံးအမှုထမ်းတွေ ဒူးထောက်ခစားနေရတာကို မြန်မာ့အလင်းသတင်းစာက ဖေါ်ပြထားတာပါ၊ ဒါတောင်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့်ပဲရှိသေးတယ်နော်၊ အများမြင်တဲ့ သတင်းစာမှာတင်ထားတာပါ၊ အများမမြင်နိုင်တဲ့ နေရာတွေမှာ ဦးသန်းရွှေ ၀န်ထမ်းတွေကို ဘယ်လိုလုပ်ခိုင်းမလဲ တွေးကြည့်ယုံနဲ့တင် မျက်ရေတောက်တောက်ကျသွားနိုင်မယ်၊ လူလည်ခေါင်မှာ ဖိနပ်တိုက်ပေးနေရတဲ့ပုံတွေလည်း တွေ့နေရပါတယ်၊ တမင်ဖန်တီးထားတဲ့ပုံတွေမဟုတ်ဘူးနော် တကယ့်ဖြစ်ရပ်မှန်တွေပါ၊ ဒီလိုလုပ်ရတာကို ၀မ်သာဂုဏ်ယူနေသလား လက်သီးဆုပ်အံကြိတ်နေသလားဆိုတာတော့ ဒီလိုအလုပ်ခံရတဲ့ ကာယကံရှင်တွေပဲသိနိုင်မယ်၊ အခုလာမဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ သူတို့အခုလို တရားဝင်ဆက်လုပ်နိုင်ဖို့ နိုင်ငံတကာကို အသိပေးနေတယ်ဆိုတာ ရောင်းရင်းတို့လည်း သဘောပေါက်မှာပါ၊

သူတို့သာ ဆက်လက်အာဏာတည်မြဲမယ်ဆိုရင် အခုရွေးကောက်ပွဲဝင်မဲ့ အမတ်လောင်းတွေ လွှတ်တော်ထဲမှာ ချောင်းဆိုးရင် ကြိမ်ဒဏ် ၁ချက်။ အီးပေါက်ရင် ထိုင်ထ ၁၀၀။ စကားကျယ်ကျယ်ပြောရင် ဖားခုန် ၁နာရီ ။ ပြန်ပြောရင်တော့ ကျောပြင်ကို ဗြောတင်မှာ မြင်ယောင်မိသေးတယ်ဗျာ၊

ဒီတော့ အပေါင်းသင်းတို့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို အတင်းအတည်ပြုထားတဲ့ ၂၀၁၀ ဆိုတဲ့ ရွေးးကောက်ပွဲနွားတင်းကုပ်ထဲကို နဖားကြိုးထိုးခိုင်းပြီး မြက်စားဖို့ အလုအယက်မှတ်ပုံတင်မလား ဒီစနစ်ပျက်သွားအောင် တိုက်ပွဲဝင်ကြမလား

ကိုယ့်သမိုင်းကိုရေးကြတာပေါ့ဗျာ
မျက်ရည်များဖြင့်

Rest of your post
အညာနွေတမာမြေ

No comments: