၂၀၁၀ဟာ ထမင်းဝိုင်းကြီးလားဗျ
မီဒီယာတွေ ရင်ဖွင့်တတ်လာတာ မြင်မကောင်း ရှုမကောင်း
သူတို့ရဲ့ ချပ်ဝတ်တန်ဆာဟာ တတိယ အသံထုတ်တာဆိုပဲ
မိတ်ဆွေရဲ့ ကဗျာရွတ်သံပဲ ကြားယောင်မိရဲ့
သူရဲကောင်းတို့ရဲ့ချပ်ဝတ်တန်ဆာဟာ ဒဏ်ရာတွေသာဖြစ်တယ် တဲ့
အဲဒီထမင်းဝိုင်းမှာ ပညာတတ်ဆိုတဲ့ အုပ်စုက
ထမင်းစားဝတ်စုံတွေ ၀တ်နေကြပြီပေါ့၊
သိပ်မ၀ါးနဲ့ကိုယ့်လူ
ထမင်းဆိုတာ လယ်သမားတွေဆီကလာတာ။
ဒီပွဲက သစ္စာပြုပွဲ
နောက်ဆုံးလက်ရုံးတွေ ဆန့်ရမယ့်ပွဲဗျ
တရားသော စစ်ပွဲတိုင်းမှာ
သွေးသောက်တွေတိုးလာတယ်ဆိုတာ သဘာဝပဲ။
ဖိုးပိတာ
Rest of your post
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment