ဒီနေ့ ဇွန် ၁၉ ရက်ဟာ အန်တီစုရဲ့မွေးနေ့။
အန်အယ်လ်ဒီ အဖွဲ့ဝင်တွေကတော့ အန်တီစုရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်တွေလုပ်ကြတယ်။
သံဃာတွေကို ဆွမ်းကပ်ကြတယ်။ ငှက်တွေ၊ ငါးတွေ ဘေးမဲ့လွှတ်ကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာရေးအတွက် ထောက်ပံ့တာတွေ လုပ်ကြတယ်။ သွေးတွေလှူကြတယ်၊ သစ်ပင်တွေစိုက်ကြတယ်။
အခြားအခြားသော နိုင်ငံတကာနဲ့ မြန်မာ အဖွဲ့အစည်းတွေ … မွေးနေ့ရှင်မရှိတဲ့ မွေးနေ့ပွဲတွေ၊ အထိမ်းအမှတ်ပွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြပြီး အန်တီစုကို အမြန်လွှတ်ပေးဖို့တောင်းဆိုကြတယ်။ အမြန်ဆုံးပြန်လွတ်ပါစေလို့ ဆန္ဒတောင်းဆုတွေ ပြုကြတယ်။
လက်နက်ဆိုလို့ အပ်တိုတချောင်းတောင် မရှိတဲ့ အမျိုးသမီးတယောက်ကို သူ့ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့မှာတောင် ချုပ်ထားနိုင်တယ်ဆိုပြီး နျူကလီယားလက်နက်ရူး ရူးနေတဲ့ စစ်အဆိုးရအုပ်စုကတော့ ပျော်ပွဲဆင်နေလေမလားပဲ …
ရန်ကုန်မြို့ .. အင်းလျားကန်စောင်းက အထီးကျန်အိမ်ကြီးထဲမှာတော့ .. အချုပ်အနှောင်ခံဘ၀နဲ့ နေထိုင်နေရတဲ့ အန်တီစု ..
အခုအချိန်ဆို ဘာတွေများ လုပ်နေမလဲ … ဘုရားဝတ်ပြုနေမလား … တချိန်က မိသားစုစုံစုံလင်လင်နဲ့ လွတ်လွတ်လပ်လပ်နေရတုန်းက အချိန်တွေကို ပြန်တွေးကြည့်နေမလား …
သေချာတာတခုကတော့ သူ့ရဲ့မွေးနေ့ဆိုတာကို ခေတ္တခဏလေးပဲ အမှတ်ထားပြီး … နူးညံ့တဲ့ စိတ်အစုံနဲ့ မေတ္တာပို့နေမယ် … တိုင်းသူပြည်သားတွေအတွက် ဘာတွေ ဘယ်လိုဆက်လုပ်မလဲဆိုတာကို အဆင်မပြတ် တွေးတောနေမယ်ဆိုတာပါပဲ …
(ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုင်းသူပြည်သားတွေရဲ့ဘ၀တွေအတွက် သူ့ဘ၀နဲ့လဲခဲ့တဲ့ အန်တီစုရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အမှတ်တရ)
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment