မြန်မာစစ်အစိုးရအဖွဲ့၏ အလုပ်သမားဝန်ကြီးဌာနတံဆိပ်နှင့် ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် တံဆိပ်ပါရှိသော သုံးခေါက်ချိုး palm flatစာရွက်များ ယခုဇွန်လအတွင်းထွက်ရှိခဲ့ပါသည်။ ထို မြန်မာစစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တို့ သဘောတူ လက်မှတ်ရေးထိုးထားသော စာရွက်များကို ပြည်တွင်းရှိ တိုင်းနှင့်ပြည်နယ်အလိုက်မှ ရန်ကုန် ILO ရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေသော ကွန်ယက်အဖွဲ့များမှ အများပြည်သူသိရှိနိုင်အောင် လက်ဆင့်ကမ်း ဝေငှပေးလျှက်ရှိပါသည်။
ထိုစာရွက်တွင်ခေါင်းစဉ်(၈)မျိုးပါဝင်ပြီး -
၁။ အဓမ္မစေခိုင်းမှုပပျောက်ရေး။
၂။ အဓမ္မစေခိုင်းမှု ဆိုသည်မှာအဘယ်နည်း။
၃။ မည်ကဲ့သို့ တိုင်ကြားနိုင်ပါသနည်း။
၎။ တိုင်ကြားမှု ပြုလုပ်ရန် လုံခြုံမှုရှိပါသလား။
၅။ မည်သူတို့က တိုင်ကြားနိုင်ပါသနည်း။
၆။ တိုင်ကြားမှုသည် လျှို့ဝှက် လုံခြုံမှုရှိပါသလား။
၇။ တိုင်ကြားပုံနည်းစနစ်အရ မည်သို့ ဆောင်ရွက်သနည်း။
၈။ တိုင်ကြားခြင်းဖြင့် မည်ကဲ့သို့သော ရလဒ်များ ပေါ်ပေါက်လာနိုင်ပါသလဲ။
- စသည်ဖြင့်ပါဝင်ပါသည်။
ထိုစာရွက်များကို ရန်ကုန်တိုင်းတွင် ဦးသက်ဝေ (စမ်းချောင်းအဖွဲ့ချုပ်၊ ဥက္ကဌ)၊ ပဲခူးတိုင်းတွင် ကိုအောင်မျိုးဝင်း (ပဲခူးတိုင်း လူငယ်အကူအညီပေးရေးမှ ပြောရေးဆိုခွင့်ရှိသူ) တို့မှ ဦးစီးပြီး ဖြန့်ချီပေးလျှက် ရှိပါသည်။ ပဲခူး၊ က၀၊ သနပ်ပင်၊ ဝေါ၊ ဘုရားကြီး၊ ဘုရားလေး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ တောင်ငူ၊ စသည့် ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်များ၊ အနောက်ခြမ်းမြို့နယ်များမှ ဇီးကုန်းမြို့နယ်နှင့် ကျန်ရှိသော မြို့နယ်များကိုလည်း ဆက်လက်ပို့ဆောင် ဝေငှပေးမည်ဖြစ်ပါသည်။
သူရိန်
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment