ဧပြီ ၁၅ ရက်က ရန်ကုန်သင်္ကြန် x2o ရေကစားမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု တရားခံလို့စွပ်စွဲပြီး ၂လကျော် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်တွင်းမှာ မင်္ဂလာတောင်ညွန့်တရားရုံးကနေ အရင်တပ်ထားတဲ့ ဖေါက်ခွဲပုဒ်မနဲ့မဟုတ်ပဲ နောက်ထပ် မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ ဇွန်လ၂၈ ရက်နေ့က ရမန်ထပ်ယူသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇူလိုင် ၂ ရက်နေ့မှာ သူရဲ့ရှေ့နေနဲ့ တွေ့ခွင့်ရတဲ့အခါမှာ ပုဒ်မ ၄ခုနဲ့ တရားစွဲဆိုထားပြီးဖြစ်တဲ့အကြောင်း သိရပါတယ်၊
သူ့ကို စွဲတဲ့အမှုတွေကတော့ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ၁၃(၁)။မတရားအသင်းအက်ဥပဒေ ၁၇(၁)။ ဖေါက်ခွဲမှုပုဒ်မ၃/၄ ။ လူသေစေမှု ၃၀၄ နဲ့ ထိခိုက်နာကျင်စေမှု ၃၂၆ တို့နဲ့တရားစွဲဆိုထားကြောင်းသိရပါတယ်။
ကိုဖြိုးဝေအောင်ကို ဧပြီ ၁၅ ရက် ရန်ကုန်သင်္ကြန် ကန်တော်ကြီးပတ်လမ်းက x2o ရေကစား မဏ္ဍပ် ဗုံးဖေါက်ကွဲမှုရဲ့တရားခံလို့စွပ်စွဲပြီး ဧပြီလ ၂၃ ရက်ကတည်းက ဖမ်းဆီးစစ်ဆေးနေတာဟာ ဒီနေ့ အထိ ဖြစ်ပါတယ်၊
Rest of your postအညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment