မိတ္ထီလာ - မြင့်မြင့်အေး
မြန်မာ့ဒီမိုကရေစီအင်အားစုများက ၁၉၉၇ ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန်လ ၁၉ ရက်ကို "မြန်မာအမျိုးသမီးများနေ့" ရယ်လို့ သတ်မှတ်ကြပြီး နှစ်စဉ်နှစ်တိုင်း မြန်မာအမျိုးသမီးများ
နေ့ ကျင်းပခဲ့ကြတာဟာ ဒီနှစ်ဆိုရင် ၁၄-နှစ်မြောက်ကျင်းပတာဖြစ်ပါတယ်။ အရင်က "မြန်မာအမျိုးသ္မီး
များနေ့" ရယ်လို့ မရှိခဲ့ဘူးပါ။
"မိန်းမ - ဘ, သမီး"
မြန်မာနိုင်ငံမှာ လူဦးရေးရဲ့ထက်ဝက်ကျော်ဟာ အမျိုးသမီးများဖြစ်ကြပါတယ်။ အင်္ဂလိပ်ကျွန်
ဘဝရောက်ခဲ့ကြရပြီး လွတ်လပ်ရေးတိုက်ပွဲတလျှောက်လုံးမှာ မြန်မာအမျိုးသမီးများဟာ အမျိုးသားများ
နဲ့ ရင်ဘောင်တန်းပြီး အတူတိုက်ပွဲဝင်ခဲ့ကြတာပါ။ အမျိုးသားများနဲ့တန်းတူ စီတန်းလှည့်လည် ဆန္ဒပြခဲ့
ကြတယ်။ ခရီးရှည်ချီတက်လမ်းလျှောက်ခဲ့ကြတယ်။ သပိတ်မှောက်တယ်။ သပိတ်တားတယ်။ မြင်းနဲ့အ
တိုက်ခံကြရတယ်။ အရိုက်ခံ အဖမ်းခံကြရတယ်။ ထောင်ကျခဲ့ကြတယ်။ အသတ်ခံ အသေခံပြီး တိုက်ခဲ့
ကြတယ်။ အမျိုးသားတွေထက်ပိုတာက မုဒိမ်းအကျင့်ပါခံကြရပါသေးတယ်။
"မိန်းမ သတ္တိ"
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ၊ မျိုးချစ်စိတ်ဓါတ်တွေ ၊ တရားဟောပြောမှုကအစ အမျိုး
သားတွေထက် နောက်ကျမကျန်ခဲ့ကြပါဘူး။ နယ်ချဲ့ကို ဆန့်ကျင်ရာမှာအင်္ဂလိပ်မုန်းကြောင်း ခေါင်းပေါ်
ကလိပ်ခွံဘီးကို ချိုးလွှင့်ပြစ်တယ်။ ခါးပေါ်က အင်္ဂလိပ်လုပ်အင်္ကျီစဝတ်ထားတာကို ဆုတ်ဖြဲပြခဲ့ကြတယ်
ဆန္ဒပြပွဲမှာ အင်္ဂလိပ်အရေးပိုင် (D.C) ဒုတိယကော်မရှင်နာ (ယ္ခု ခယကဥက္ကဌ ဒုဗိုလ်မှူးကြီးအဆင့်) ကို
ဘိနပ်နဲ့ပါးရိုက်ပြီး ထောင်အကျခံခဲ့တယ်။
"အားနွဲ့သူလား"
ခေတ်အဆက်ဆက်-
- ဂျီစီဘီအေခေတ်မှာ ကုမ္မာရီ အမျိုးသမီးအသင်း
- ဒို့ဗမာအစည်းအရုံးခေတ်မှာ သခင်မ သခင်မကြီးများ
- ဖဆပလခေတ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့
- ပြည်သူ့ရဲဘော်အဖွဲ့ချုပ်မှာ ရဲဘော် ၊ ရဲမေ
- ဗမာပြည်ကွန်မြူနစ်ပါတီမှာ အမျိုးသမီးကွန်ဂရက် ၊ အမျိုးသမီးသမဂ္ဂ
အဲဒီလိုတွေဖွဲ့စည်းပြီး အသင်းအပင်းအဖွဲ့အစည်းနဲ့ကို အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး တစ်တပ်
တစ်အားပါဝင်ခဲ့ကြတာပါ။ "ဘယ်သောအခါမှ နောက်မကျန်ရစ်ခဲ့ကြပါ။" ခေတ်အဆက်ဆက် လှုပ်ရှား
မှုတိုင်း ပါတီအဖွဲ့အစည်းတွေဖွဲ့တိုင်း အမျိုးသမီးအဖွဲ့ မပါရင် မပြီးခဲ့ပါဘူး။ ပမညတ မှာ အမျိုးသမီးညီ
ညွတ်ရေးအဖွဲ့။ ပြည်သူ့အမျိုးသမီးအဖွဲ့ချုပ်။ တည်မြဲ-သန့်ရှင်း ဖဆပလကွဲတော့ ဦးနုရဲ့ ပထစ မှာ
ပြည်ထောင်စုအမျိုးသမီးအဖွဲ့။ ထမီနီ - ထမီဝါ တွေနဲ့ပါ။
"အဖြည့်ခံဘဝနဲ့"
အဲဒီလို သမိုင်းမှာ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားများနဲ့ တန်းတူရင်ဘောင်တန်းပြီး စဉ်
ဆက်မပြတ် လှုပ်ရှားခဲ့ကြပေမဲ့ "မြန်မာအမျိုးသမီးများနေ့" ရယ်လို့ သတ်သတ်မှတ်မှတ် ထိုက်ထိုက် တန်တန် အသိအမှတ်ပြုခြင်းမခံခဲ့ကြရပါဘူး။ အမျိုးသားများသာ သမိုင်းမှာထင်ရှားပြီး အမျိုးသမီးများ
ရဲ့သမိုင်းဟာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ပါတယ်။ အမျိုးသားများနဲ့ တန်းတူရည်တူတဲ့အခွင့်အရေး မရ
ခဲ့ကြပါဘူး။ အဖြည့်ခံဘဝသာ ဖြစ်ခဲ့ကြရပါတယ်။
"အာဇာနည် စုဖုရားလတ်'
ဒီလိုဖြစ်ရတာဟာ ကျွန်မတို့အမျိုးသမီးခေါင်းဆောင်တွေရဲ့ အစွမ်းအစက ညံ့လို့လား။ မဟုတ်
ပါဘူး။ ထက်မြက်ပြီး စွမ်းရည်ပြည့်ဝတဲ့ ပညာရှိ ၊ သတ္တိရှိ ၊ သိက္ခာရှိ ၊ အိနြေ္ဒရှိတဲ့ အမျိုးသမီးခေါင်း
ဆောင်တွေ ဒုနဲ့ဒေးပါ။ သမိုင်းမှာရှာဖွေလေ့လာရင်တွေ့နိုင်ပါတယ်။ ကျွန်မတို့ မြန်မာ့သမိုင်းမှာ "ဗီလိန်"
လို့သိနေကြတဲ့ မိဘုရား စုဖုယားလတ်အကြောင်း လေ့လာကြည့်လိုက်တော့ တကယ့်အစွမ်းထက်တဲ့
အမျိုးသမီးခေါင်းဆောင်ဆိုတာ တွေ့ရပါတယ်။ စုဖုရားလတ်ဟာ မိဘုရားဖြစ်နေလို့ပါ။ ဘုရင်မသာ ဖြစ်ခဲ့ရင် ကျွန်မတို့နိုင်ငံ ကျွန်ဘဝမရောက်နိုင်ဘူးလို့လည်းထင်မြင်မိပါတယ်။ စုဖုယားလတ်အကြောင်း
တစွန်းတစတင်ပြရရင် - သီပေါဘုရင် ကံတော်ကုန်တော့ မြန်မာနိုင်ငံကိုအလောင်းပြန်သယ်ဖို့ စုဖုယား
လတ်ကစီစဉ်တယ်။ အင်္ဂလိပ်အစိုးရက နိုင်ငံတွင်းမတည်မငြိမ်ဖြစ်မှာစိုးလို့ ခွင့်မပြုဘူး။ ရတနာဂီရိမှာဘဲ
သင်္ဂြိုလ်ဖို့ အင်္ဂလိပ်အစိုးရကခွင့်ပြုတယ်။ စုဖုယားလတ်က လက်မခံတော့ အင်္ဂလိပ်အစိုးရက သီပေါဘု
ရင်အလောင်းကို အတင်းအဓမ္မလုတယ်။ မိဘုရား စုဖုရားလတ်ဟာ အလောင်းပိုက် အဆောင်သော့
ခတ်ပြီး အချိန်ကြာမြင့်စွာခုခံတယ်။ နောက်ဆုံးအင်္ဂလိပ်အစိုးရက အင်အားသုံး အဓမ္မလုတော့မှ သီပေါ
ဘုရင်အလောင်း အင်္ဂလိပ်အစိုးရလက်ထဲရောက်သွားတယ်။ သူတို့ကြိုက်သလို သင်္ဂြိုလ်လိုက်ကြတယ်။
"သုံ့ပန်းအကျဉ်းသား မိဘုရား"
စစ်ရှုံးသုံ့ပန်း ဘုရင့်မိဘုရားဟာ ပင်လယ်ရပ်ခြားတိုင်းတပါးမှာ နေမဝင်အင်ပါယာပိုင်ရှင် အင်္ဂ
လိပ်နယ်ချဲ့အစိုးရကို အထိန်းသိမ်းခံ အကျဉ်းသားဘဝနဲ့ အံတုခဲ့တဲ့ သတ္တိကို လေ့လာသိရှိရခြင်းဖြင့် သူမရဲ့အစွမ်းထက်မြက်မှု မြန်မာအမျိုးသမီးများရဲ့ထက်မြက်မှုကို အကဲဖြတ်နိုင်ပါလိမ့်မယ်။ မိဘုရား
စုဖုရားလတ်ဟာ မြန်မာနိုင်ငံကို ကြိုသူမရှိ ၊ အသိအမှတ်ပြုသူမရှိဘဲ မထင်မရှားနဲ့ပြန်ရောက်လာခဲ့ရပါ
တယ်။
သမိုင်းမှာ ကျွန်မတို့ မြန်မာအမျိုးသမီးခေါင်းဆောင်တွေ ဘယ်လောက်ဘဲ စွမ်းဆောင်နိုင်ပါစေ
ရှေ့တန်းရောက်မလာခဲ့ကြပါဘူး။ အမျိုးသားခေါင်းဆောင်ကြီးများရဲ့ ဇနီးမယားအဖြစ်နဲ့ ညှိုးနွမ်း ၊ မှေး
မှိန် ၊ တုံးကုန်ကြတာတွေ့ရပါတယ်။
"ထိုက်တန်တဲ့နေ့"
ဒါ့ကြောင့် ကျွန်မတို့မြန်မာနိုင်ငံအမျိုးသမီးများရဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုခံရရေးနဲ့ အမျိုး
သားများနဲ့ တန်းတူရရှိရေးတို့အတွက် "မြန်မာအမျိုးသမီးများနေ့" မှတ်တိုင်ထူရတာဖြစ်ပါတယ်။ ဒီလို
သတ်မှတ် မှတ်တိုင်ထူရာမှာ သတ်မှတ်ချင်တဲ့နေ့ကို ပေါ့ပေါ့တန်တန် သတ်မှတ်လို့လည်းမဖြစ်နိုင်ပါဘူး
ကျွန်မတို့ထူလိုက်တဲ့ "မြန်မာအမျိုးသမီးများနေ့" မှတ်တိုင်ဟာ ထာဝရတည်မြဲဖို့လည်းလိုပါတယ်။
"စစ်အာဏာရှင်ခေတ်မဟုတ်"
"အမျိုးသမီးများခေတ်"
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို "မြန်မာအမျိုးသမီးများနေ့" သတ်မှတ်ရတဲ့အကြောင်းတင်
ပြပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ထူထောင်ဖို့မဟုတ်ပါဘူး။
ဒီခေတ်မှာ စစ်အာဏာရှင်အုပ်စိုးနေတာမှန်ပါတယ်။ စစ်အာဏာရှင်ခေတ်လို့ မြင်ကြမှာပါ။ ဒါမ
ဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ "မြန်မာအမျိုးသမီးများခေတ်" ဖြစ်ပါတယ်။ ဒို့အမျိုး
သမီးများခေတ်ကိုရောက်ပါပြီ။ အမျိုးသမီးသူရဲကောင်းတွေ ပေါ်ထွန်းလာတာတွေ့နိုင်ပါတယ်။ ကမ္ဘာ့နိုင်
ငံတကာက မြန်မာအမျိုးသမီးတွေကို အသိအမှတ်ပြုလာကြရတဲ့ခေတ်ပါ။ မြန်မာအမျိုးသမီးတွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်နေတာတွေ ၊ မြန်မာအမျိုးသမီးငယ်တစ်ဦးကို အမေရိကန် သမတကြီးက လက်ခံတွေ့ဆုံနေတာတွေ ၊ သတင်းမီဒီယာတွေမှာ မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ၊ မြန်မာအ
မျိုးသမီးတွေရဲ့အသံကို နေ့စဉ် မြင်နေကြားနေရတာတွေ ရှိနေပါတယ်။ သူတော်စင် မြတ်သီလရှင်တို့ရဲ့
အေးမြကြည်လင် သာယာရွှင်တဲ့ ကြည်ညိုဘွယ်ရာ မေတ္တာပို့သံနဲ့၊ သေနပ်သံ တဒိန်းဒိန်းညံ "အားပြိုင်"
လို့နေတာကိုလည်း တွေ့ခဲ့ကြရပါတယ်။ ဒါတွေဟာ မြန်မာအမျိုးသမီးခေတ်ရဲ့ ကြေးမှုံပြင်ပါဘဲ။
"ခိုင်မာတဲ့ ခေါင်းဆောင်မှု"
မြန်မာအမျိုးသမီးခေတ်ကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ-
- မြန်မာအမျိုးသမီးခေါင်းဆောင်
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
- မြန်မာနိုင်ငံ့ခေါင်းဆောင် Head of state ပထမဦးဆုံး အမျိုးသမီးခေါင်းဆောင်
- ကမ္ဘာ့ထူးခြားထင်ရှားတဲ့ နိုဘယ်လ်ဆုရှင် ….ဒီလိုကြီးမြတ်တဲ့ခေါင်းဆောင်ကြီးဖြစ်ပါတယ်။
"နေမဝင် အမျိုးသမီးနေ့"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေတ်ဟာ မြန်မာအမျိုးသမီးများရဲ့ခေတ်ပါ။ မြန်မာအမျိုးသမီးများ ဆိုတာ မြန်မာပြည်တွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသူများအားလုံးပါဝင်ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်ရဲ့မွေးနေ့ဟာ "မြန်မာအမျိုးသမီးများနေ့"ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနဲ့ကမ္ဘာ့
နိုင်ငံရေးဇတ်ခုံပေါ်က ဖယ်ရှားဖျောက်ဖျက်ပြစ်လို့မရနိုင်ပါဘူး။ နွံထဲကိုနှစ်လို့မရတဲ့ "ပတ္တမြား" ပါ။ ကျွန်
မတို့ ဒီလိုမျိုး "မြန်မာအမျိုးသမီးများနေ့" လို့ သတ်မှတ်တာဟာ သင့်မြတ်ပါတယ်။ ခိုင်ခန့်ပါတယ်။ ဂုဏ်
မြောက်ပါတယ်။ ဘယ်လိုပြိုင်ဖက်ကဘဲဖြစ်ဖြစ် ပြိုင်ဆိုင်ပြီးချေဖျက်လို့ မရနိုင်ပါဘူးလို့ ဆိုချင်ပါတယ်။
ဒီကနေ့ နအဖစစ်အစိုးရဟာ ဇူလိုင်လ(၃)ရက်နေ့ကို "မြန်မာအမျိုးသမီးများနေ့" ရယ်လို့ သတ်
မှတ်ကျင်းပကြတယ်လို့ ကြားရပါတယ်။ ဘယ်အထိန်းအမှတ်နဲ့ သတ်မှတ်ကြတယ်လို့ တိတိကျကျမသိ
ရပါဘူး။ ဒိအပြင် နအဖက ဖွဲ့စည်းပေးထားတဲ့ အမျိုးသမီးရေးရာအဖွဲ့ဆိုရင် အမျိုးသမီးများရဲ့ အခွင့်အ
ရေးကို အမှန်တကယ်ရစေချင်လို့ ဖွဲ့စည်းပေးထားတာမဟုတ်ပါဘူး။ စစ်ဗိုလ် စစ်သား မိန်းမများ ၊ အရာ
ရှိကြီး/ငယ်များရဲ့ ဇနီးမယားများနဲ့ အဓမ္မဖွဲ့ ၊ ဟန်ပြဖွဲ့ ၊ ပြိုင်ဆိုင်ဖွဲ့တာသာဖြစ်ပါတယ်။ အမှန်တကယ်
အမျိုးသမီးတို့ရဲ့အရေးကို လုပ်နေတယ်ဆိုရင် ခေါင်းဆောင်အမျိုးသမီးများဟာ အမျိုးသမီးရေးရာဌာန
မှာမြဲနေရမှာပါ။ အခုတော့ ယောင်္ကျားရာထူးပြုတ်ရင် မိန်းမလည်းပြုတ်၊ ဒါဟာ အမျိုးသမီးရေးရာအဖွဲ့ အစစ်အမှန်မဟုတ်ဘူးဆိုတာကို ဖော်ပြနေခြင်းဖြစ်ပါတယ်။
ဒီလိုမျိုး ဟိုရှေးရှေးတုံးကလည်း ကုမ္မာရီအမျိုးသမီးအသင်းနဲ့အပြိုင် အင်္ဂလိပ်ဗျူရိုကရေစီအရာ
ရှိကြီးများရဲ့ ကတော်တွေက အမျိုးသမီးနေရှင်နယ်ကောင်စီဆိုတာဖွဲ့ခဲ့ကြတယ်။ အသင်းဥက္ကဌက မင်း
ကြီးကတော် ဒေါ်မြမေပါ။ အသင်းလုပ်ငန်းက ရံဖန်ရံခါ ကလေးပြပွဲ ၊ ကျမ္မာရေးပြပွဲ၊ လုပ်တာမျိုးဘဲရှိခဲ့
ပါတယ်။ နောက်ဆုံးတော့လည်းပျက်သွားတာပါဘဲ။
ကျွန်မတို့မြန်မာအမျိုးသမီးတွေ ထိုက်တန်တဲ့အသိအမှတ်ပြုမှုကို ရယူလိုရင် ၊ အမျိုးသားများ
နဲ့ တန်းတူရည်တူအခွင့်အရေးတွေ ရနိုင်ဖို့ဆိုရင် ….
(၁) - မြန်မာနိုင်ငံအမျိုးသမီးများနေ့ရယ် ၊
(၂) - ဒေါ်အောင်ဆန်းစုကြည်ရယ် ၊
(၃) - မြန်မာအမျိုးသမီးထုရယ် ၊ ခွဲခြားလို့ မရနိုင်ပါဘူး။
ဒိအပြင် အမျိုးသားများနဲ့ ရင်ဘောင်တန်းတိုက်ပွဲဝင်နေကြသော မြန်မာအမျိုးသမီးထု
တရပ်လုံးရဲ့စွမ်းဆောာင်ရည်များ တိုးတက်မြင့်မားလာဖို့နဲ့ မြန်မာအမျိုးသမီးများနေ့ကို ကမ္ဘာတည်သရွေ့
တည်တန့်အောင် အမျိုးသားများနဲ့တန်းတူရေးတိုက်ပွဲ ရည်ရွယ်ချက် အောင်မြင်အောင် ၊ ခိုင်ခန့်အောင်၊
ကျွန်မတို့ မြန်မာအမျိုးသမီးထုကြီးတစ်ရပ်လုံးက ဇွဲနဲ့ သတ္တိနဲ့ လုံ့လဝီရိယနဲ့ ကြံ့ကြံ့ခံ ရပ်တည်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
မြန်မာအမျိုးသမီးများ သွေးစည်းညီညွတ်ကြ ။
မြန်မာအမျိုးသမီးများနေ့ အဓွန့်ရှည်ပါစေ ။
ဒေါ်မြင့်မြင့်အေး
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိတ္ထီလာ။
၃ - ၇ - ၂ဝ၁ဝ - အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment