-->

Wednesday, July 14, 2010

ဆရာကြီးနန်းညွန့်ဆွေကွယ်လွန်

မြစ်ကြီးနားထောင်မှာ အကျဉ်းကျခံနေရတဲ့ လူရွှင်တော် ဇာဂနာရဲ့ ဖခင်ကြီး ဦးအောင်သိန်း (ခ) စာရေးဆရာနဲ့ ကဗျာဆရာကြီး နန်းညွန့်ဆွေ (၈၇ နှစ်) ဟာ ဒီနေ့ညနေ ၅ နာရီမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

မနက်ဖြန် ၁၅ ရက်နေ့ မနက် ၁၁ နာရီမှာ ရေဝေးသုသာန်မှာ သဂြိုလ်မယ်လို့ သိရပါတယ်။

ဆရာကြီးဟာ နိုင်ငံရေး စာပေနဲ့ ကဗျာတွေ အပြင် အခြားသော ၀တ္တုတွေ၊ ပညာပေးစာပေတွေကို လည်း ရေးသားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ရုံးမှာ စာပေဟောပြောခဲ့လို့ ကလောင်အပိတ်ခံခဲ့ရတာ သူကွယ်လွန်တဲ့အထိပါပဲ။


ဇနီးဖြစ်သူ ဒေါ်ကြည်ဦး၏ ဈာပနတွင်တွေ့ရသော ဆရာကြီး နန်းညွန့်ဆွေ (ဓာတ်ပုံ - မိုးမခ)


ဆရာကြီးရဲ့ ပါရမီဖြည့်ဖက် ဆရာမကြီး ဒေါ်ကြည်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်နေ့တုန်းက သည်းခြေအိတ်ကင်ဆာနဲ့ ကွယ်လွန်သွားနှင့်ပါတယ်။

ဆရာကြီးကွယ်လွန်ချိန်မှာ သားနှစ်ဦးဖြစ်တဲ့ ကိုတေဇ၊ ကိုသူရ (ဇာဂနာ)နဲ့ မြေး၊မြစ်တွေ ကျန်ရစ်ပါတယ်။



Rest of your postအညာနွေတမာမြေ

No comments: