-->

Thursday, July 15, 2010

ဦးအောင်သိန်း (ခ) စာရေးဆရာ နန်းညွှန့်ဆွေ အသက် (၈၇) နှစ် ဈာပနအခမ်းအနား

ဇာဂနာ ကိုယ်စား ပေးဆပ်မှုများ
နိုင်ငံကျော် လူရွှင်တော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် ကိုဇာဂနာ (ခ) ကိုသူရ၏ ဖခင် စာရေးဆရာမကြီး (ဒေါ်ကြည်ဦး)၏ ခင်ပွန်း ဦးအောင်သိန်း (ခ) စာရေးဆရာ နန်းညွှန့်ဆွေ အသက် (၈၇) နှစ်သည် ၁၄.၇.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ ညနေ (၅း၀၀) နာရီအချိန်တွင် ကွယ်လွန်သွားပါ၍ ၁၅.၇.၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီတွင် ရန်ကင်းမြို့နယ် အမှတ် (၃) ရပ်ကွက်၊ တိုက် (၂၁၆)၊ အခန်း (၆) နေအိမ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် နိဗ္ဗာန်ယာဉ် မောင်းနှင်သယ်ဆောင်၍ ရေဝေးသုဿန်တွင် သံဃာတော်များ၊ စာနယ်ဇင်း ဆရာများ၊ အနုပညာရှင်များ၊ ဧည့်ပရိသတ်များစွာနှင့် စည်ကားသိုက်မြိုက်စွာဖြင့် မီးသင်္ဂြိုလ် ပြီးစီးခဲ့ပါသည်။
ကျန်ရစ်သူ သားဖြစ်သူ ဦးတေဇ၊ ဦးသူရ(ခ) ဇာဂနာ၊ ဒေါ်သွင်မာဦးနှင့် မြေးဖြစ်သူ မောင်မြတ်ကောင်း၊ မငယ်ဦးမွန်တို့ ကိုယ်စား ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အမှုဆောင်များ၊ အသင်းသူ/သားများမှ လွမ်းသူပန်းခြင်းများ ပို့ဆောင်ခြင်းနှင့် ဈာပနကိစ္စ အ၀၀တို့အား လိုလေသေးမရှိ ပံ့ပိုးကူညီ ဖေးမဆောင်ရွက် ခဲ့ပါသည်။


Rest of your postအညာနွေတမာမြေ

No comments: