လူ့အခွင့်အရေးလှုပ်ရှားသူတွေ မြန်မာ့ဒီမိုကရေစီရေး လိုလားသူတွေက ဘယ်လိုလုပ်လုပ် ဘာပဲပြောပြော ဘာဘူကြီးတို့ကတော့ နအဖနဲ့ စီးပွားရေးလုပ်မှာပဲတဲ့။ မြန်မာပြည်သူတွေ နစ်နာမလား ထိခိုက်မလား ဘာမှ မကြည့်ဘူး။ ကုလားဗမာ အစိုးရချင်း ချမ်းသာရင် အဆင်ပြေရင်ပြီးရော လုပ်သွားပါရောလား။
ယုံချင်ယုံ မယုံချင်နေ။ မနေ့က သမ္မတအိမ်တော်မှာ သန်းရွှေကို လက်ခံတွေ့ဆုံတဲ့ သမ္မတ ဘာဘူမကြီးက သူ့မိန့်ခွန်းထဲမှာကို အသေအချာကြီးကို ထည့်ပြောသွားဗျ။
ဘာတဲ့ .. အိန္ဒိယ-မြန်မာဆက်ဆံရေးဟာ သူမတူ ထူးခြားတဲ့ ဆက်ဆံရေးတဲ့ဗျ။ အိန္ဒိယနဲ့မြန်မာဟာ ဟိုးအရင်ကတည်းက စီးပွားရေး၊ လူမှုရေး ဆက်ဆံမှုတွေရှိခဲ့သလို သမိုင်းကြောင်းအရလည်း ကိုလိုနီနိုင်ငံဖြစ်ခဲ့တာတူတယ်။
ပထ၀ီအနေအထားအရလည်း နီးနီးကပ်ကပ်ရှိတယ်။ ဘာသာရေးအရဆိုရင်လည်း ဗုဒ္ဓဘာသာလိုမျိုး ဆက်စပ်မှုတွေ အများကြီးရှိတယ် အစရှိသဖြင့် စကားလုံးလှလှပပတွေနဲ့ စကားဦးသမ်းသွားလိုက်တာ နောက်ဆုံးမတော့ မြန်မာနဲ့ဆက်ဆံရတာဟာ မြန်မာနိုင်ငံဟာ အိန္ဒိယအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ဆက်ဆံဖို့ ပေါင်းကူးဖြစ်လို့ပါဆိုပြီး ပြောသွားပါရောလား။
ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ဒီမိုကရေစီတိုင်းပြည်ကြီးဖြစ်နေရက်နဲ့ အဲ့ဒီ ပေါင်းကူးဆိုတဲ့ မြန်မာနိုင်ငံက လူ့အခွင့်ရေးချိုးဖောက်မှုတွေကို လစ်လျူရှုထားတယ်၊ အဲ့ဒီပေါင်းကူးဆိုတဲ့နိုင်ငံက နင်းပြားဖြစ်နေတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို မငဲ့ကွက်ဘူး၊ အဲ့ဒီပေါင်းကူးဆိုတဲ့နိုင်ငံလေးဟာ ဒီမိုကရေစီစနစ်ထွန်းကားဖို့အရေး နှစ်တွေအများကြီး ရုန်းကန်ခဲ့ရတယ်ဆိုတာ မသိကျိုးကျွန်ပြုထားတယ်၊ အဲ့ဒီပေါင်းကူးတံခါးဝ နိုင်ငံလေးထဲမှာ အကျဉ်းကျနေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နဲ့ အခြားသော ဒီမိုကရေစီရေးလှုပ်ရှားသူ ရာပေါင်းများစွာကို မေ့ပျောက်ထားပြီးတော့ ဖက်ဆစ် နအဖနဲ့ ပွင့်ပွင့်လင်းလင်းကြီးကို ပေါင်းပြလိုက်ပါတယ်။
အကယ်လို့များ မြန်မာ့ဒီမိုကရေစီရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်လိုက်ရင် သူတို့အကျိုးစီးပွားတွေ နစ်နာသွားမှာစိုးတာကြောင့် နအဖ စိတ်တော်အညိုမခံပဲ အကျဉ်းကျနေသူတွေကို လွှတ်ပေးဖို့လည်း တလုံးတပါဒ မဟ သလို ဒီမိုကရေစီ ဆိုတာလေးကို ယောင်လို့တောင် မပြောခဲ့ပါဘူး။
တကယ်တော့ တရုတ်ပေါက်ဖော်တွေလိုပဲ ကုလားဘာဘူကြီးတွေဟာလည်း မြန်မာပြည်ရဲ့ သယံဇာတတွေဖြစ်တဲ့ ရေနံတွေ၊ ဂက်စ်တွေ၊ ကျောက်သံ ပတ္တမြားတွေကို သွားရည်တမြားမြားကျပြီး သူတို့အကျိုးစီးပွားတခုတည်းအတွက်နဲ့ နအဖကို မချစ်သော်လည်း အောင့်ကာ နမ်းနေကြတာပါ။
နအဖ လက်ထက်မှာတော့ မြန်မာပြည်ဟာလည်း တရုတ်နဲ့ကုလားတွေ ဂုတ်သွေးစုပ်လို့ဝပြီး ဘာမှ မကျန်တော့လောက်အောင် မွဲပြာကျနေပါပြီ။
အခုလည်း ကုလားက နအဖကို ဒေါ်လာသန်း ၆၀ ကျော် ချေးဖို့ စာချုပ်ချုပ်ပြီးသွားပါပြီ။
ဒီငွေတွေဟာ အမှန်တကယ်တော့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်လမ်းဖောက်ဖို့၊ ရထားလမ်းတွေ ပြုပြင်ဖောက်လုပ်ဖို့၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးမှာ သုံးဖို့တွေပါပဲ။
ဒါပေမယ့် နအဖကတော့ သူ့အိတ်ထဲနဲ့ သူ့ရဲ့ခါးပိုက်ဆောင် စီးပွားရေးလုပ်ငန်းရှင်တွေ ၀ါးဖို့ဝိုက်ဖို့ ဒီငွေတွေကို ထည့်လိုက်မှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။
ဒီလိုငွေတွေအပြင် နယ်စပ်က အိန္ဒိယ သူပုန်တွေကို နှိမ်နင်းဖို့က ညကြည့်မှန်ပြောင်းတပ်တဲ့ ရိုင်ဖယ်တွေ၊ စစ်သုံးယာဉ်တွေလိုတယ်ဆိုပြီး အိန္ဒိယ အစိုးရကို တောင်းသလို ကမ်းရိုးတန်းသုံး မော်တော်တွေကိုလည်း တောင်းဆိုတာ အိန္ဒိယက ပေးမယ်လို့ သဘောတူလိုက်ပါသတဲ့။
ဒီ့အပြင် ပုဂံက အာနာန္ဒာကို ပြုပြင်ထိန်းသိမ်းဖို့ နည်းပညာတွေ ငွေကြေးတွေ ကူမယ်တဲ့။ အရင် ယူနက်စ်ကိုက ထိန်းသိမ်းပေးပါ့မယ်ဆိုတုန်းကတော့ ကဖျက်ယဖျက်လုပ်ခဲ့ပြီးတော့ စေတီကြီးကို ထုံးတွေသုတ်ပလိုက်တာ အထဲက အင်မတန်တန်ဖိုးရှိတဲ့ နံရံဆေးရေး ပန်းချီတွေ ကုန်ပါရောလား။
ပုဂံတ၀ှမ်းက စေတီကုန်းတွေကိုလည်း အကုန် ရမ်းသမ်းတူးပစ်၊ အုတ်ချပ်ကို ပုဂံခေတ်တုန်းကပုံလို လုပ်ပြီး စေတီတွေ လျှောက်လုပ်နဲ့ ရှေးဟောင်းလက်ရာ အမွေအနှစ် စစ်စစ်ကြီးတွေ ပျက်စီးကုန်လို့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းကတောင် အပြစ်ပြောခဲ့ဖူးသေးတယ်။ “ဟိုအကောင်တွေ မဆင်မခြင် နားမလည် ပါးမလည်လုပ်တာ” ဆိုပြီးတော့လေ။
မြန်မာကတော့ ကုလားစီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာပြည်တိုးတက်ရေးအတွက် လာပြီး ရင်းနှီးမြုပ်နှံကြပါ၊ လာကူညီကြပါလို့ ဖိတ်ခေါ်သတဲ့လေ။
အင်း ကိုယ်ကျိုးပဲ ကြည့်တဲ့ ဒီကုလားတွေလည်း စီးပွားရေး ပိတ်ဆို့မှုထဲ ပါကုန်ရင်တော့ ပွဲက ကြည့်ကောင်းအုံးတော့မယ်။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment