Photo by: AFP ဒီပုံကိုကြည့်ပါဗျာ အကြမ်းမဖက် ငြိမ်းချမ်းရေးဖခင်ကြီး ဂန္ဒီရဲ့ဂူဗိမာန်ကိုသွားပြီး အလေးပြုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ မြန်မာစစ်ခေါင်းဆောင်ကို ဂန္ဒီကြီးက သူ့ရဲ့မြေးကို ဆုံးမခဲ့တဲ့ ကမ္ဘာကျော် လူမှုရေးပြစ်ချက်ကြီး ၇ ရပ် ရေးထားတဲ့ ပိတ်ကားလိပ်ကို အမှတ်တရ ပေးပါတယ်။
ဗုဒ္ဓဘာသာမှာတော့ မကောင်းဆိုးရွားဝင်ပူးရင်ဖြစ်ဖြစ် ကပ်ဘေးဆိုးတွေကြုံတဲ့အခါဖြစ်ဖြစ် မကောင်းတာတွေပျောက်အောင် ပရိတ်ရွတ်ပြီး ပရိတ်ရေနဲ့ပက်လိုက်ရင် မကောင်းဆိုးရွားတွေ အက်စစ်နဲ့ပက်လိုက်သလို တွန့်တွန့်လူးသွားပါတယ်။
အခုလည်း ဒီအမှတ်တရလက်ဆောင်ပေးလိုက်တော့ သူတို့တလျှောက်လုံး ခေါင်းပုံဖြတ်မှု မတရားမှုတွေလုပ်ခဲ့တဲ့သူဆိုတော့ ငြိမ်းချမ်းရေးဖခင်ကြီးရဲ့ လမ်းစဉ်နဲ့က ပြဒါးတလမ်း သံတလမ်းဖြစ်နေတာဆိုတော့ မျက်နှာတွေက ခုနှစ်ရက်ထား မသာတွေလို ပုတ်သိုးနေတာသာကြည့်တော့ဗျာ။
အိန္ဒိယက ဖိတ်တာဆိုပေမဲ့ သူတို့ကို ၀တ်ကျေတမ်းကျေပဲဧည့်ခံတယ် မိုးရွာတာအကြောင်းပြပြီး အဆောင်အယောင်မပါပဲကြိုဆိုတယ် လေဆိပ်လာကြိုတော့လဲ အရေးသိပ်မပါတဲ့သူပဲလာကြိုတော့ အိုပုတ်နေတာပဲ။
မိုးကြီးလွန်းတာကြောင့် သူတို့အဖွဲ့ကို သမ္မတက ကြိုဆိုနှုတ်ဆက်တဲ့ အခမ်းအနားကိုလည်း သမ္မတ အိမ်တော်တွင်းက ခမ်းမမှာပဲ လုပ်လိုက်ရတာကြောင့် အိန္ဒိယရိုးရာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ တခမ်းတနား ကြိုဆိုဂုဏ်ပြုမယ့် အစီအစဉ်ဟာလည်း ပျက်သွားရပြန်ပါတယ်။
Photo by: AP အိန္ဒိယသတင်းစာတွေကလည်း တခြားနိုင်ငံက ခေါင်းဆောင်တွေလာသလို ခမ်းခမ်းနားနားရေးတာမတွေ့ရဘူး တာဝန်ကျေလောက်ပဲ THE ASIAN AGE သတင်းစာကတော့ မြန်မာစစ်အာဏာရှင်ရဲ့သမီးများ နယူးဒေလီကိုရောက်ရှိလို့ သုံးနုန်းထားတာကိုကြည့်ချင်းအားဖြင့် အာဏာရူးဆိုတာ ကမ္ဘာကသိပြီးသားဆိုတာ သက်သေပါ။ အောက်ကပုံရူကြည့်
ဂန္ဒီကြီးရဲ့လမ်းစဉ် ၇ချက်ကို လေ့လာချင်ရင်တော့
Seven social sins
1. Politics without principles
2. Wealth without work
3. Pleasure without conscience
4. Knowledge without character
5. Commerce without morality
6. Science without humanity
7. Worship without sacrifice
အညာနွေတမာမြေ
No comments:
Post a Comment