စစ်မိစ္ဆာဂိုဏ်းချုပ်ကြီးနဲ့ ၀ံကြီးများ ၀ံကတော်များပါတဲ့ ၇၇ ဦးအဖွဲ့ဟာ ဗုဒ္ဓဂါယာ မြန်မာကျောင်းမှာ သံဃာတော် ၂၇ ပါးကို ၀ါဆိုသင်္ကန်း ၁စုံစီနဲ့ ဒေါ်လာ ၂၀၀ စီလှူတန်းသွားပါတယ်။ (သံဃာကို ခြင်းကပ်ရာ၏ )။ စာသင်သားသံဃာအားလုံးအတွက် ရူပီး ၂၅သိန်း လှူတန်းသွားသလို သတင်းတော့ရထားပါတယ်။ အိန္ဒိယမှာရှိတဲ့ စာသင်သားသံဃာတော်ဟာ ၄၀၀ နီးပါးရှိပါတယ်။
ဒီနေ့မနက်မှာရော မဟာဗောဓိစေတီမှာ တရားထိုင်သွားသေးပါတယ်။ ဘုရားပေါ်ကို မကောင်းဆိုးဝါး တက်တာမကြိုက်တဲ့အတွက် နတ်ကောင်းနတ်မြတ်တွေကနေ အညစ်အကြေးတွေကင်းစင်သွားအောင် ထူးထူးခြားခြား မိုးသည်းကြီးမည်းကြီးရွာသွန်းပြီး ဆေးကြောလိုက်ပါတယ်။ လူတွေဟာ သေရေးကြုံလာရင် အလိုလိုအော်တိုမစ်တစ် ဘုရားတတတ်တဲ့အကျင့်ကြောင့် စစ်အာဏာရှင်တွေဟာလည်း အားကိုယ်းရှာတဲ့အနေနဲ့ ဘုရားကို နားပူနားဆာလာလုပ်သွားတာပါ။
မိစ္ဆာအပေါင်းပါတသိုက်ဟာ ၁၁နာရီခွဲမှာ ဗုဒ္ဓဂါယာကနေ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ ကုဿိနာရုံကိုလည်းသွားပြီးမှ နယူးဒေလီမှာ သမ္မတနဲ့ ၀န်ကြီးချုပ်ကို တွေ့ပြီး လိမ်မယ်ခေါက်မယ်ညာမယ်ဝှိုက်မယ်လို့ ဂါယာကလာတဲ့သတင်းတွေအရ သိရပါတယ်
အညာနွေတမာမြေက မြတ်ဗုဒ္ဓဆီကိုအီးမေးလ်ပို့လျှောက်ထားကြည့်တော့ မြတ်ဗုဒ္ဓကနေ ရပလိုင်းလုပ်လာပါတယ်။ (သူ့အပြစ်တွေက ကြီးမားတဲ့အတွက် ငါမကယ်နိုင်ဘူး ဒကာတော်တဲ့ ၀ဋ်ရှိရင် ငါတောင်ခံပြခဲ့သေးတဲ့သာဓကရှိပြီးမို့ သူအပြစ်သူခံသွားလိမ့်မယ်တဲ့ )
ဒီတော့ ဘုရားခေါင်းဖြတ် သံဃာသတ်တဲ့ကံကြောင့် သူတို့သေချာပေါက်သွားရမဲ့ငရဲကြီး ၈ထပ်က အောက်ဆုံး အ၀ီစိက ဒယ်အိုးကြီးထဲမှာ ဆီမပါပဲ ဒင်းတို့ရောင်းစားထားတဲ့ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ပဲ (မှတ်ချက် သဘာဝပတ်ဝန်းကျင်ပြုံးတီးမှာစိုးရိမ်တဲ့အတွက် )ဂိတ်ကုန်ဖွင့်ပြီးအကြော်ခံဖို့ ဗီဇာတုံးထုပြီးသွားပြီးဘီဆိုတာ သေချာသွားဘီ။ မရေရာ မသေချာသေးတဲ့ လက်သစ်အာဏာရှင်တွေကိုလည်း ယမမင်းက အရိုက်ဘယ်ဗီဇာ ပေးနေပါသတဲ့
စကားမစပ် ရန်ကုန်နာရေးကူညီမှုအသင်းမှာ နိုင်ငံခြားကလာတဲ့ အခေါင်းသစ် ၂လုံးရောက်နေသတဲ့ဗျာ
Monday, July 26, 2010
မကောင်းဆိုးရွားလာလို့ နတ်ကောင်းတွေ မိုးရွာပြီး ဆေးကြော
Labels:
သတင်း
Subscribe to:
Post Comments (Atom)
2 comments:
အကိုရေ ဒယ်အိုးဆရာတော်ကတော့ အကိုသိမှာပါ အဲ့ဒီသာသနာဖျက်တွေကို တရားနာလားမနာလား တော့မသိဘူး ။ ဒယ်အိုးဆရာတော်ပြောတာလေးတွေ နဲ့ အကိုရေးထားတာလေးနဲ့ ကြုံတော့ အမှတ်ရတယ်။ ဘယ်သူတွေဘယ်လိုပဲ ဝေဖန်ဝေဖန် ကျွန်တော်လဲ သူ့တို့အတွက်ဆို အဲ့သလို ရိုင်းရိုင်းပဲ ရေးတတ်တယ်။
အဘ တစ်ယောက် ပျော်ရွှ့င်ပါစေ ချမ်းမြေ့ပါစေ...အေးချမ်းစွာနဲ့ အဖျက်သမားတွေရန်မှ ကင်းလွတ်ပြီး စိတ်ချမ်းသာစွာနဲ့ တရားအလုပ်တွေလုပ်နိုင်ပါစေ...မစ္ဆိာတွေရန်မှ ကင်းဝေပါစေ...
တောက ကိုကျေး
Post a Comment