၁၈-၇-၂၀၁၀-ရက်တွင် လှိုင်သာယာမြို့ နယ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်စည်းရုံးရေးအဖွဲ့ မှ ဦးစီးကာ ၁၉-၇-၂၀၁၀ ရက်နေ့ တွင်ကျရောက်မည့် (၆၃)နှစ်မြောက်၊အာဇာနည်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်များအား ထောက်ပံ့ကြေးပေးအပ်ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါထောက်ပံ့ကြေးပေးအပ်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှ လမ်းညွှန်ခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်တိုင်းလူမှုထောက်ကူပြုအဖွဲ့ ဝင်များဖြစ်ကြသော ဒေါက်တာမျိုးအောင်၊ ဦးလှသိန်း၊ ဦးမောင်မောင်ကြီး၊ ဦးကျော်မြင့် နှင့်အဖွဲ့ ဝင်များ ၊ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ မှ ဒေါ်အေးအေးမာနှင့်အဖွဲ့ ဝင်များက နေ့နံနက်(၁၀)နာရီအချိန်တွင် ရန်ကုန်တိုင်း၊ လှိုင်သာယြာ့မို့နယ်၊ အမှတ်(၃၆/က၊ အောင်မင်းခေါင်(၁)လမ်း၊(၇)ရပ်ကွက်ရှိ မြို့ နယ်အမျိုးသမီးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်နန်းခင်ရီ၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ အကျဥ်းကျမိသားစုဝင်များနှင့် သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ရာသို့ လှိုင်သာယာမြို့ နယ်မှ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားမိသားစုဝင်ပေါင်း (၂၆)မိသားစုအား၊ မိသားစုတစ်စုလျှင်ငွေကျပ်(၅၀၀၀၊ စာရေးကရိယာများ ပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာသော အင်အား(၁၅၀)ခန့် ရှိ အဖွဲ့ ဝင်များက
၂၀၁၀ တွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား မဲမပေးကြဖို့ နှိုးဆော်သည့် ကမ်ပိန်းတစ်ခုကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။
ဓါတ်ပုံနဲ့ အချက်လက်များကို မျိုးချစ်သူရဲကောင်းတယောက်က ပေးပို့ပါတယ်၊ အညာနွေမှ ပုံများ ပိုစ်များကို မည်သူမဆို လွတ်လပ်စွာ ကူးယူနိုင်ပါတယ်၊ သို့ပေမဲ့ ရိုးသားစွာဖြင့် ကူးယူဖေါ်ပြသည့်နေရာကို ဖေါ်ပြခြင်းအားဖြင့် မီဒီယာတန်ဖိုးမြှင့်တင်ပါ။
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment