-->

Saturday, August 21, 2010

ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကုန်ပြီ



20.8.2010 ရက်နေတွင် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသော ကျောင်းသားလူငယ်များ အင်အားစုများက ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့်ကျင်ရေးပို့စ်ကဒ်နှင့် ဓါတ်ပုံများကို ရန်ကုန်တိုင်းအတွင်းတွင်ရှိသော ဘုန်းတော်ကြီးစာသင်တိုက်များကို အဓိကထား၍ဖြန့်ဝေခဲ့ကြကြောင်းသိရှိရသည်။



၎င်းလှုပ်ရှားမှုကိုအဆိုပါကျောင်းသားအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော သံဃာတော်အရှင်သူမြတ်အချို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းမှာပါဝင်တဲ့လှိုင်မြို့ နယ်၊မင်္ဂလာတောင်ညွန်မြိုနယ်၊ ဒေါပုံမြိုနယ်၊ သာကေတမြိုနယ်၊ သုံးခွမြို့ နယ်နှင့်သန်လျင်မြို့နယ်တို့မှာရှိတဲ့ စာသင်တိုက်တွေကိုအဓိကထားပြီးဖြန့်ဝေခဲ့ပါတယ်။ စာသင်တိုက်တွေကိုအဓိကထားဖြန့်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့ 2010 ရွေးကောက်ပွဲဟာပြည်သူတွေအတွက်၊ နိုင်ငံအတွက်ချောက်ကမ်းပါးကိုတွန်းပို့မယ့် ကိစ္စတစ်ခုပါဆိုတဲ့ message ကိုစာသင်သားသံဃာတော်တွေကတစ်ဆင့် သူတိုဆွမ်းခံကြွနေတဲ့ပြည်သူတွေဆီကို ရောက်အောင်လို့ ပြုလုပ်ရတာဖြစ်ပါတယ်။

ဖြန့်ဝေတဲ့ပို့စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ်ဖြစ်အောင်ပြုလုပ်မယ့် 2010ရွေးကောက်ပွဲကိုဆန်ကျင်ကြဆိုတဲ့စာသားတွေရယ်၊ တရားဝင်စစ်ကျွန်ဖြစ်စေမယ့် 2010 ရွေးကောက်ပွဲကိုဆန့်ကျင်ကြဆိုတဲ့စာသားတွေရယ်၊ရွေးကောက်ပွဲမှာမဲမထည့်ပဲနေတာဟာလည်းပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲဆိုတဲ့စာသားတွေရယ် ရေးထားပါတယ်ဟုအဆိုပါကျောင်းသားလူငယ်မှပြောကြားသွားခဲ့သည်။



အညာနွေတမာမြေ

No comments: