-->

Saturday, August 21, 2010

ပြည်တွင်းစစ်မီးကို နအဖ စတင်ရှို့ပြီ



နအဖအစိုးမရ က ဖွဲ့စည်ပုံအခြေခံဥပဒေ အကောင်အထည်ဖေါ်ရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည်လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန်ဆိုတဲ့ စကားလုံးအလှပတွေနဲ့ ဒီနေ့ထုတ် သူတို့ပိုင်သတင်းစာတွေမှာ တိုင်းဒေသကြီးတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။ ပြောတော့ဖြင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ပြည်ထောင်စုမပြိုကွဲရေးတဲ့ ခုလုပ်တာက ဘာလုပ်တာလဲ။သိတဲ့သူများရှင်းပြပေးကြပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတဲ့ တကယ်ပဲကိုယ်ပိုင်အုပ်ချုပ်ခိုင်းမှာလား တိုင်းရင်းသားအချင်ချင်း သွေးခွဲဖို့ အိမ်ကြက်ချင်းအိုးမဲသုတ်တာလေလား တိုင်းရင်းသားတို့သတိထားဖွယ်တွေ့ရှိရမှာပါ။ အဆက်ဆက်ကတော့ သွေးခွဲသပ်လျိုအုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တာပါပဲ။ ဒါကို တိုင်းရင်းသားတို့ မသိရော့လေသလား၊ ရပိုင်ခွင့်လေးမဖြစ်စလောက်အတွက် တအူတုံဆင်းညီအကိုတွေ သတ်ကြရတော့မှာလား။ တခြားတိုင်းရင်းသားတွေကရော ဒီတိုင်းပဲ ငြိမ်နေကြမလားဆိုတဲ့ မေးခွန်းတွေ ကျနော်ခေါင်းထဲက အစီရီခုံထွက်လာပါတယ်။

ခုလုပ်ရပ်က ပြည်တွင်းစစ်ကြီးကို မီးစတင်မွှေးလိုက်တယ်လို့ပဲ ကျနော်မြင်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒို့အရေး လို့အော်နေပြီး ခုလုပ်ရပ်က သွေးခွဲဖို့ပါပဲ။ ဥာဏ်မှီသလောက်ပြောကြည့်တာနော်။ ကျနော်တို့ တိုင်းရင်းသား ညီအကိုမောင်နှမများ ဒီလုပ်ရပ်တွေကို လက်ပိုက်ကြည့်နေကြတော့မှာလား ။ မကြာခင်မှာ အနိုင်ကျင့် အတည်ပြုထားတဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ ကျုပ်တို့စစ်ကျွန်ဖြစ်ရတော့မယ်။ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲမှာမှ ပြင်ယူမယ်ဆိုတဲ့ အမတ်မင်းအပေါင်းတို့ ဘယ်လိုများပြင်ကြမလဲဗျာ။ ခင်များတို့ကို ပြည်သူက မဲပုံပေးလိုက်လို့ ကြံ့ဖွတ်ပါတီကို ခင်များတို့နိုင်ပါပြီတဲ့ဗျာ ဘယ်လိုလုပ် တမတ်သား စစ်ဗိုလ်တွေ၊ ဘ၀ပြောင်း နှစ်ပိုင်းတပိုင်းတွေ၊ လက်ကိုင်ဒုတ်တွေကို ၇၅ ရာနုန်းကျော်ဖို့ ဘယ်လိုစည်းရုံးမလဲ ၊

လွှတ်တော်ထဲရောက်ရင် ခင်များတို့ အင်္ကျီကြယ်သီးပြုတ်လို့ ထိုင်ထ အခါ ၁၀၀၊ အချိန်နောက်ကျလို့ လွှတ်တော် ၁ပတ်ပြေး၊ ချောင်းဆိုးလို့ ဖားခုန် နာရီဝက်၊ အီးပေါက်လို့ နားရွက်ဆွဲလိမ်ခံရမှာမြင်ယောင်သေးတယ်ဗျာ။ ဥပဒေပြင်ဖို့ဆိုတာ ခင်များတို့စိတ်ကူးယဉ် လေထဲတိုက်ဆောက်တာပဲဖြစ်လိမ့်မယ်ဗျာ။ တိုင်းပြည်မှတကယ်ချစ်တယ်ဆိုရင် ခုရွေးကောက်ပွဲကို လုံးဝဆန့်ကျင်သပိတ်မှောက်ပြီး ပြည်သူ့ဘက်က ရပ်တည်ကြရအောင်ဗျာ။ မရှက်ရင် ကြံ့ဖွတ်တကောင်ထဲ ခါးတောင်းကျိုက် ပြေးပါစေ သူလိုချင်တဲ့ပထမပေးလိုက်ကြပါ။ ခင်များတို့အတွက်အချိန်မှီသေးတယ်လို့ တိုင်းရင်းသားပါတီများနဲ့ မျိုးချစ်ပုဂ္ဂိုလ် ရွေးကောက်ပွဲဝင်လိုသူများကို အညာနွေက ပြောလိုပါတယ်ဗျာ။





အညာနွေတမာမြေ

No comments: