28.8.2010 ရက်နေ့  နံနက်ပိုင်း ရန်ကုန်၊ မန္တလေး၊ မကွေးမြို့ များတွင် ပြည်တွင်း ပြည်ပ နိုင်ငံရေးအင်အားစု အဖွဲ့ ၁၇ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသော စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလုပ်ရှားမူကော်မတီ၏ ပြည်တွင်းပြည်ပလူပ်ရှားမှုအဖြစ် ပို့စကဒ်ဖြန့်ဝေတဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
မတရားတဲ့ ဥပဒေတွေနဲ့ ကျင်းပပြုလုပ်မဲ့ 2010 ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးနဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများမှ သပိတ်မှောက်ကြဘို့  ပြည်သူုကိုယ်စားပြုကြားဖြတ်အစိုးရ ဖွဲ့စည်းကြဆိုတဲ့  စာသားပါ Free Burma စာသားနဲ့  မြန်မာပြည်မြေပုံပါ ပို့ စ်ကဒ်တွေကိုဖြန့်ဝေခဲ့ကြတာပါ။
ဖြန့်ဝေတဲ့နေရာတွေကတော့ ရန်ကုန်မြို့ မှာ သီရိမဂ်လာဈေး၊ စံပြငါးဈေး၊လှိုင်သာယာမီးခွက်ဈေး၊ လမ်းမတော် သံဈေး၊ ရန်ကုန်အခြေစိုက်နိုင်ငံေ၇းပါတီများရဲ့ရုံးခန်းများ၊ မန္တလေးမှာ မန္တလေးဈေးချိုနဲ့ မဟာမြတ်မုနိဘုရားအနီး ၊ မကွေးမှာ မကွေး-မင်းဘူးသွားကားလမ်းနဲ့  ဂွေးချိုလမ်းခွဲတို့ မှ ဖြန့် ဝေခဲ့ ကြောင်း သိရပါတယ်။
ဖြန့် ဝေရတဲ့ ရည်ရွယ်ချက်ကို လှုပ်ရှားမှု ခေါင်းဆောင်တဦးပြောပြတာကတော့ "စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေပြီး သူတို့ ရဲ့ကိုယ်စားပြု ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိရေးဖြစ်ပေါ်စေမဲ့  2010 ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့  နဲ့ မတရားတဲ့ ဥပဒေတွေထုတ်ပြန်ပြီး ကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံရေးပါတီများမှ ညီညွတ်စွာ ကန့်ကွက်သပိတ်မှောက်ကြဘို့ပါ"
သူတို့်ဖြန့်ဝေခဲ့တဲ့ ပို့စ်ကဒ်များကို ရန်ကုန်-မန္တလေးမှာပြနေတဲ့ ဟတ်ထိတယ်ရုပ်ရှင် လက်ကမ်းကြော်ငြာများဖြင့်ပူးတွဲဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါတယ်။
အထက်ဗမာပြည် ကျောင်းသားလူငယ်အင်အားစု(တာဝန်ခံကျော်စိုးမိုး)

Rest of your post
အညာနွေတမာမြေ
No comments:
Post a Comment