ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဥာဏ်အလင်းရတော်မူသော အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်က ဗုဒ္ဓဂယာ မဂဓတက္ကသိုလ်မှာ မဟာဝိဇ္ဇာတန်း တက်ရောက်သင်ကြားနေတဲ့ သက်တော် ၃၂ နှစ် ၀ါတော် ၁၂ ၀ါရ အရှင်ဇောတိကဟာ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းရှိရာအရပ်ကိုအလည်ကြွလာရင်း အပြင်းဖျားတဲ့အတွက် မာတာဂျန်နန်ဒေ၀ီဆေးရုံကြီးမှာ အရေးပေါ်ကုသမှုခံယူနေရပါတယ်။ ဇူလိုင် ၃၀ ရက်ညနေက အပြင်းဖျားတဲ့အတွက် ဆေးခန်းတခုကိုသွားတော့ ဆရာဝန်က ဆေးတလုံးနဲ့ စားဆေးပေးလိုက်ပြီး ဆေးရုံတင်ဖို့ခိုင်းတာကြောင့် အရေးပေါ်တင်လိုက်ရတာပါ။
ဆေးရုံကိုရောက်တော့ သွေးတွေအန်တာကြောင့် အရေးပေါ်အိုင်စီယူခန်းမှာ ဆရာဝန်ကြီးတွေရဲ့စောင့်ရှောက်မှုကုသမှုခံယူနေရပါတယ်။ ၃ ရက်လုံးလုံး လူနာရဲ့အသက်ကို လုနေရတာကြောင့် ရောဂါအဖြေမှန်ကို မရနိုင်ပါဘူး။ သြဂုတ် ၃ ရက်နေ့ကမှ လူနာမှာ ဆီးချို သွေးချိုနုန်းတွေ အဆမတန်မြင့် အပူတွေများနေချိန် ခဏဏအန်တော့ အစာရေမျိုပြွန်ပေါက်ပြီး သွေးအန်တာဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။ ဦးနှောက်မှာ အပူတွေစုနေပြီး အလုပ်လုပ်နိုင်မှုနည်းလာတော့ နှလုံးခုန်ုနုန်းကလည်း ၁၄၀ ကျော်ထိဖြစ်လာပါတယ်။
နောက် ဆီးပိုက်တပ်ထားပေမဲ့ ဆီးကအထွက်နည်းလာတာရော မျက်နှာပါယောင်လာတာကြောင့် ကျောက်ကပ်ပါ ထိခိုက်လာတယ်လို့ ဆရာဝန်က မနေ့က ပြောလာပြန်ပါတယ်။ ကျောက်ကပ် အလုပ်မလုပ်တဲ့အတွက် မနေ့ညက အရေးပေါ် ကျောက်ကပ်ကိုသန့်စင်တဲ့စက် တပ်ဆင်ပြီး ကုသနေရပါတယ်။
အိန္ဒိယရောက် မြန်မာစာသင်သားတွေရဲ့ စည်းလုံးရေးအင်အားကတော့ အတော့်ကိုချီးကျူးစရာပါပဲ။ တရားဝင်အိန္ဒိယကို စာလာသင်တဲ့ ဗုဒ္ဓဘာသာ စာသင်သားသံဃာတော်ဟာ ၄၀၀ နီးပါးရှိပါတယ်။ အိန္ဒိယနိုင်ငံတ၀ှမ်း ဂါယာ၊ နာလန္ဒာ၊ ဒေလီ၊ ဗာရာဏသီ နဲ့ပန်ဂျပ်စတဲ့ တက္ကသိုလ်တွေမှာ စာသင်နေတဲ့ စာသင်သားတွေဟာ အလှူငွေတွေ ထည့်ဝင်ကြတာ ၅သောင်းကျော်ရပါတယ်။ ကိုယ်တိုင်လာနိုင်တဲ့ ဦးဇင်းတွေကလည်း ဒေလီကိုကြွလာပြီး နေ့ညအလှည့်ကျစောင့်ရှောက်နေကြပါတယ်။ ဂါယာမှာ စာအတူသင်တဲ့ ဗီယက်နမ် သီလရှင်ဆရာလေးတပါးတောင် ဦးဇင်းအသဲသန်ဖြစ်တယ်ဆိုတော့ စာမေးပွဲ ဖြေခါနီး အချိန်ကြားက တကူးတက လာပြီး လူနာလာမေးသွားပါတယ်။
ခုချိန်ထိ ဆရာတော်အတွက် ဆေးရုံကိုသွင်းထားရတဲ့ငွေဟာ အိန္ဒိယရူပီးငွေ ၈သောင်း ၁ထောင်ရှိပါပြီ ။ အသေးစိပ်ကုန်ကျငွေတွေ ထွက်မလာသေးပါဘူး။ မနေ့က မြန်မာသံရုံးကလည်း ကူညီမယ်ဆိုပြီး လာကြည့်သွားပါတယ်။ အလှူငွေ ရူပီး တသောင်းလည်း လှူဒါန်းသွားပါတယ်။ ဆရာတော်ရဲ့ ဆေးကုသစရိတ်ဟာ ရူပီးငွေ သိန်းချီကုန်မှာပါ။ သူ့ရဲ့ ခမည်းတော် မယ်တော်တွေဟာလည်း ရေဦးမြို့နယ်က ကျေးလက်နေတောင်သူတွေဖြစ်တာကြောင့် နယူးဒေလီကိုလာဖို့ ဆိုတာမလွယ်ကူပါဘူး။ ဆရာတော်ရဲ့ ကျမ္မာရေးအခြေအနေက တိုးတက်မှုရှိလာပါတယ်။ အခုစကားပြောလာနိုင်ပါပြီ။ ဒါပေမဲ့ ဆေးဝါးကုသမှုက ဆက်လက်ခံယူရဦးမှာဖြစ်ပါတယ်။ မျက်စိမှုံသွားတာ၊ လေဖြတ်သွားတာ နဲ့အတိတ်မေ့တာတွေ မဖြစ်ရအောင် ဆရာဝန်တွေကလည်း ဂရုစိုက်ကုသပေးနေရပါတယ်။
ဒါကြောင့် အခုဆေးရုံတက်ကုသနေရတဲ့ ဦးဇင်း ဦးဇောတိကအတွက် မိတ်ဆွေတို့ တတ်နိုင်သမျှ သဒ္ဓါတတ်အားသရွေ့ အိန္ဒိယရောက် စာသင်သားရဟန်းတော်များအဖွဲ့ကို ကူညီနိုင်ပါတယ်။ အညာနွေတမာမြေကနေ ကူညီပေးရမယ်ဆိုရင်လည်း ၀၀၉၁ ၉၈၁၈၀၃၄၀၁၉ ကိုဆက်သွယ်ပေးပါ။ ဆရာတော်လက်ဝယ်အရောက် လှူတန်းပေးပါ့မယ်။ အိန္ဒိယရောက် မြန်မာတွေကလည်း ဆရာတော့်ကျန်းမာရေးအတွက် အနီးကပ် ဂရုစိုက် စောင့်ရှောက်နေကြပါတယ်။
သတိပေးချင်တာကတော့ အသက်ငယ်တယ်ဆိုပြီး စားချင်ရာစား သွားချင်ရာသွားမလုပ်ကြပါနဲ့ ဆီးချို သွေးချိုဟာ အန္တရာယ်ပေးတတ်ပါတယ်။ မိမိကိုယ်ကိုလည်း အနေအထိုင် အစားအသောက် ဆင်ခြင်ကြဖို့လိုပါတယ်။ ကိုယ့်မှာ ဘာရောဂါတွေဖြစ်နေလည်း၊ ဖြစ်ခဲ့လည်း ဆိုတာ သတိထားဆင်ခြင်ဖို့ လိုပါတယ်။ ဆေးထိုးဆေးစားလုပ်မယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီမှာ ဆေးဝါးကုသမှုခံယူကြပါ။ မိမိသဘောအတိုင်း ဆေးဝယ်စားတာတွေ ဆေးထိုးတာတွေ ရှောင်ကျဉ်အပ်ကြောင်း ဆရာတော်ကို နမူနာယူပြီး တင်ပြလိုက်ရပါတယ်။
အရောဂျံ မရမံလာဘံ
သဗ္ဗေသတ္တာ အဝေရာဟောန္တု ( ဝေနေယျ သတ္တ၀ါအားလုံး ဘေးရန်ကင်းရှင်းကြပါစေ)
Rest of your post
အညာနွေတမာမြေ
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
1 comment:
ဘုန်းဘုန်း အတွက် စိတ်မကောင်းပါ။ အမြန် ကျန်းမာပါစေ ဆုတောင်းပေးပါတယ်
Post a Comment