မတည်မြဲခြင်း အနိစ္စ တရား
လက်လွတ်နေတဲ့
အာဏာရူး
ဥစ္စာရူး
ဂုဏ်ဓနရူး တွေက တဖက် ...
ကိုယ်ချင်းစာ အကြင်နာတရား
ကင်းမဲ့နေတဲ့
အမည်ခံ နိုင်ငံရေးသမား
အခွင့်အရေးသမား
တကိုယ်ကောင်းသမား
သိုက်တူးသမား
ဗန်းပြ လုပ်စားသမား
အကြံအဖန်သမားတွေက တဖက် ...
အတ္တပြိုင်ပွဲရဲ့ နင်းခြေမှုအောက် ...
အလင်းရောင်မဲ့ တိုင်းပြည်လေးရဲ့
နံရံလေးဖက် သံတိုင်နောက်က
ယုံကြည်ချက် မပျက်သေးတဲ့
မျက်ဝန်းတွေ …
သံခြေကျင်းခတ် ခံထားရတဲ့
မျှော်လင့်ချက်တွေ …
အကျဉ်းချခံထားရတဲ့
ယုံကြည်ချက်တွေ …
ပြိုကွဲသွားတဲ့ မိသားစုတွေ …
ချို့တဲ့နွမ်းပါးတဲ့ ၀မ်းဗလာတွေ …
ရည်ရွယ်ချက်မဲ့ လက်ဖ၀ါး နုနုလေးတွေ …
ဒဏ်ရာအပြည့်နဲ့ နှလုံးသားနုနုလေးတွေ …
ယမ်းခိုးငွေ့တွေကြားက
ကျိုးပဲ့သွားတဲ့ ခြေလက်အစုံတွေ …
လောင်ကျွမ်းသွားတဲ့ …
မေတ္တာအိမ်လေးတွေကတော့ …
မေ့ပျောက်ခံ
မြေစာပင်ဖြစ်နေလေရဲ့ …
မာန်
Monday, September 20, 2010
မေ့ပျောက်ခံ မြေဇာပင်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment