ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် အင်းစိန်မှာရှိတဲ့ မီးရထား စက်ခေါင်းပြင်စက်ရုံဝန်းနဲ့ မျက်စောင်းထိုးမှာရှိတဲ့ အစိုးရပိုင် ရထားသင်တန်းကျောင်းမှာ စက်တင်ဘာ ၁၈ ရက်နေ့က ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ မဲဆွယ်စည်းရုံး သွားပါတယ်။ မီးရထား ၀န်ထမ်းမိသားစုဝင်တဦးက ဒီမဲဆွယ်ပွဲမှာ အင်းစိန်က ၀င်ရောက်ယှဉ်ပြိုင်မဲ့ အမတ် ၃ ဦးနဲ့မိတ်ဆက်ပေးသွားပြီး မဲပေးဖို့ စည်းရုံးသွားပုံကို ပြောပြပါတယ်။
"လွှတ်တော် ၃ခုမှာ ၀င်ရောက်ယှဉ်ပြိုင်မဲ့ အငြိမ်းစားတိုင်းပညာရေးမှူး ဦးနု၊ ရန်ကုန်တိုင်း ကြံခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှုးတဦးဖြစ်တဲ့ ဦးအေးမြင့်နဲ့ အမည်မသိကရင်တဦးကို မိတ်ဆက်ပေးတယ်။ မီးရထားဝန်ထမ်းတွေနဲ့ အင်းစိန်မြို့နယ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ သူတို့ကို အမှန်ခြစ်မေးပေးဖို့ ပြောသွားပါတယ်"ဟု ဆိုသည်။
ကြံခိုင်ဖွံ့ဖြိုးရေး အနိုင်ရပါက အင်းစိန်မြို့နယ်ကို ဘယ်လိုဘယ်ပုံ ကောင်းအောင်လုပ်ပေးမယ်လို့ မစားရ၀ခမန်း ပြောသွားတယ်လို့သိရပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာ ပါတီတွေစည်းရုံးရေးဆင်းရင် အစိုးရပိုင်အဆောက်အဦးတွေ အများပိုင်နေရာတွေကို အသုံးမချရလို့ အတိအလင်းပြောထားပါလျှက်နဲ့ အောင်သိန်းလင်းကိုယ်တိုင် ဒီဥပဒေကို ချိုးဖေါက်ပြီးစည်းရုံးနေတာပါ။
အညာနွေတမာမြေ
Monday, September 20, 2010
အစိုးရပိုင် အဆောက်အဦးသုံး ကြံ့ဖွံ့မဲဆွယ်
Labels:
ပြည်တွင်းသတင်း,
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment